Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ်ရေးသို့ တွန်းပို့နေသည့် နိုင်ငံ၏အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်ကိုလည်း KNU က တိုက်တွန်းထားပါသည်။

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်
အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် တော်လှန်သူအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ကြေငြာချက်ထုတ်ပြန်သည်။

အောက်တိုဘာလ(၂၃)ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် ပြုလုပ်ကျင်းပနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်မြောက်အထိမ်းအမှတ် အကြိုတေးဂီတဖျော်ဖြေပွဲပြုလုပ်ကျင်းပနေစဉ် စစ်ကောင်စီတပ်သည် ဂျက်တိုက်လေယာဉ်သုံးစင်းဖြင့် ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ(၈၀)ကျော် သေဆုံးခဲ့ကြရသည်။

ထို့အတူ ထိခိုက်ဒဏ်ရာရသူ(၁၀၀)ကျော်ကိုလည်း ဆေးကုသခွင့်မရရှိအောင် ဂင်စီကျေးရွာတွင် စစ်ကောင်စီတပ်က ပိတ်ဆို့တားမြစ်ထားသည့်အတွက် အသက်သေဆုံးမည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ကြားသိရပါသဖြင့် KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကျန်ရစ်သူမိသားစုနှင့်သော်လည်းကောင်း၊ ကချင်ပြည်သူတစ်ရပ်လုံးနှင့်သော်လည်းကောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြည်တွင်းစစ်တွင်အသုံးမပြုရဟု ပိတ်ပင်တားမြစ်ထားသည့် စစ်ဆင်ရေးသုံး စစ်ဂျက်လေယာဉ်များဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်သားပြည်သူလူထုများ ဟူ၍ ခွဲခြားမှုမရှိပဲ ရန်ငါစည်းခြားလျက် ငါနဲ့မတူ ရန်သူဟူ၍ သိမ်းကြုံးသတ်မှတ်ကာ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်သည် စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော နိုင်ငံတကာလူသားချင်းစာနာထောက်ထားသည့် ဥပေဒများကို ပြောင်ပြောင်တင်းတင်းကျူးလွန်သူနှင့် အမိန့်ပေးစေခိုင်းသည့် စစ်ကောင်စီအား နိုင်ငံတကာအစိုးရအနေနှင့် ပြစ်ဒဏ်ပေးအရေးယူဆောင်ရွက်ရန် KNU က တောင်းဆိုသည်။

စစ်ကောင်စီသည် တေးဂီတပွဲအား လူအများငြိမ်းချမ်းစွာ စုဝေးဆင်နွဲနေချိန်တွင် ရက်စက်ကြမ်းကြုတ်စွာ လူသားမဆန်စွာဖြင့် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိဖြင့် အစုလိုက်အပြုံလိုက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း သက်သေခံလျက်ရှိပြီး စစ်ကောင်စီမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကာ ကျူးလွန်ခံရသူ အပြစ်မဲ့ပြည်သူလူထုများအတွက်လည်း တရားမျှတမှုကိုရရှိရန် တောင်းဆိုသည်ဟု KNU က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူတို့အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ၎င်းတို့အာဏာဆက်လက်ဆုပ်ကိုင်ရေးကိုသာ ပြုလုပ်နေသည့်အတွက် စစ်တပ်အပေါ် ရွံရှာနာကျည်း မုန်းတီးမှုများကိုသာ ပိုမိုဖြစ်ပေါ်စေပြီး မိမိပြည်သူအား ပြန်လည်သတ်ဖြတ်နေသည့် စစ်တပ်အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းဆန့်ကျင်မှုပြုကြရန် လိုအပ်သည်ဟု KNU က ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ်ရေးသို့ တွန်းပို့နေသည့် နိုင်ငံ၏အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်ကိုလည်း KNU က တိုက်တွန်းထားပါသည်။

ထို့အတူ အပြစ်မဲ့လက်နက်မဲ့ အရပ်သားပြည်သူများတို့အား တပ်စွမ်းသရွေ့ အကာအကွယ်ပေးမှုများကို ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် တော်လှန်သူအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNU က သဘောထားထုတ်ပြန်ကြေငြာသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

သတင်း

“မောင်တောမြောက်ပိုင်းအစွန်ဆုံး ဘင်္ဂလာ - မြန်မာ နယ်စပ် မိုင်တိုင်(၄၀)ကနေ (၆၄)ကြားမှာ ရှိတဲ့ RSO စခန်းတချို့ကို AAက သိမ်းလိုက်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

သတင်း

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။