Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ- အရာတော်လမ်းပိုင်းတွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဉ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေ

ယမန်နေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)

မုံရွာ – အရာတော်လမ်းပိုင်းတွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ က ယနေ့(အောက်တိုဘာ ၂၆ ရက်) ထုတ်ပြန်သည်။

ယမန်နေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ မုံရွာ-အရာတော်လမ်းပိုင်း၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ရိက္ခာလာပို့သော မက်တူးကားကိုလက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်နိုင်ခဲ့ ကြောင်းဖော်ပြသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ – သပြေညိုပြောက်ကျားတပ်ဖွဲ့)

“မက်တူးကားပေါ်မှာပါတဲ့ စခ သုံးပွင့်ဗိုလ်ရယ် တပ်သားနှစ်ဦးရယ် သေတယ်။ကျန်တဲ့ စခ နှစ် ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပြန် လည် ပစ်ခတ်မှုများရှိလာသဖြင့် ဆုတ်ခွာခဲ့ရပြီးရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ – သပြေညိုပြောက်ကျားတပ်ဖွဲ့)

အလားတူ ယမန်နေ့ နံနက်အစောပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦး ခန့်သေဆုံးနိုင် ကြောင်းဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Facebook

You May Also Like

သတင်း

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။

သတင်း

ယမန်နေ့ကလည်း ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲနှင့် မြိုင်မြို့နယ် လင်းကတောလမ်းဆုံလမ်းပိုင်းကို ယာယီပိတ်ထားခဲ့သေးသည်။

သတင်း

အဆိုပါလမ်းပိုင်းနှင့်ပတ်သက်၍ မုံရွာခရိုင်အခြေစိုက် God Of Monywa အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းတွင် အရေးပေါ်သတိပေးထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။