Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်-မန္တလေးလမ်းမန်း​ရွှေပြည်ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုခရီးသည်၃ ဦးသေဆုံးပြီး ၁၀ ဦး​ကျော်ဒဏ်ရာရ

ထိခိုက်ဒဏ်ရာရရှိသူများအား သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကုသ​နေ​ကြောင်းသိရသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ယနေ့နံနက်အ​စောပိုင်းက မန်းရွှေပြည်ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး အမျိုးသား၃ဦးသေဆုံးကာ ၁၀ ဦး​ကျော်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မိုင်တိုင်အမှတ် ၂၂၈ နှင့် ၂၂၉ ကြားတွင် မန်း​ရွှေပြည်ခရီးသည်တင်ယာဉ်(၁)စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ယာဥ်တိမ်း​မှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးတွင်အမျိုးသား(၃)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

နေပြည်တော်-မန္တလေးလမ်းဖက်ခြမ်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

“ရန်ကုန်ဘက်ကိုမောင်းလာတဲ့ကားက တစ်ခြားလမ်းတစ်ဘက် လမ်းပြောင်းပြန် အနေအထားထိ လှိမ့်ပြီးတော်တော်ဆိုးဆိုးကြီးဖြစ်သွားတာပါ။ကလေးမလေးတစ်ယောက်ဆို သားအဖနှစ်ယောက်လာတာ။ အဖေဖြစ်သူကတော့ကံဆိုးရှာတယ်ဗျာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကုသ​နေ​ကြောင်းသိရသည်။

“အမျိုးသားသုံးဦးသေဆုံးတယ်။ ၁၆ဦးဒဏ်ရာရပြီးတစ်ဦးကပြင်းထန်တယ်။ အားလုံး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အာဏာသိမ်းစစ်ကောင်စီကည၁၂ နာရီမှနောက်တစ်နေ့နံနက်၄နာရီအတွင်းဖြတ်သန်းခွင့်မပြုသောကြောင့် ခရီးသွားလာရာ၌ ကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေသည်။

Facebook

You May Also Like

သတင်း

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။

သတင်း

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

သတင်း

ကားပေါ်မှာ ခရီးသည် ၁၇ ဦးလိုက်ပါလာတာဖြစ်ပြီး သေဆုံးသူ ၃ ဦးဟာအမျိုးသားတွေဖြစ်ပါတယ်။

သတင်း

ထိုအပြင်ဖားကန့်တွင်ဗုံးကျဲ၍ အနာပညာရှင်နှင့်ပြည်သူများအပါအဝင်အများအပြား​သေဆုံး​စေခဲ့​သောဖြစ်ရပ်ကို ပြည်သူများအာရုံစိုက်မှုနည်းလာ​စေရန် ယခုရက်ပိုင်း အာရုံ​ပြောင်း​စေမည့်သတင်းများ၊ဖြစ်ရပ်များကိုဖန်တီးနိုင်​ကြောင်းလည်းပြည်သူတစ်ဦးက​ပြောသည်။