Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်းရန် တိုက်ပွဲခေါ်သံဟု AA စစ်ဦးစီးချုပ်ပြော

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။

(AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ။ ။ဓါတ်ပုံ-AA)
(AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ။ ။ဓါတ်ပုံ-AA)

ဖားကန့်လေကြောင်းတိုက်ခံရသည့်ဖြစ်စဥ်က ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်း​ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်ပွဲခေါ်သံဖြစ်ကြောင်းရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

“နောက်ထပ်အပြစ်မဲ့ပြည်သူအသက်တွေဘယ်လောက်များများအတွက်ကျွန်ုပ်တို့ပူဆွေး၀မ်းနည်းကြဦးမလဲ။ နောက်ထပ် သူရဲကောင်းဘယ်လောက်များများ ပေးဆပ်ကြရဦးမလဲ။ မနေ့ည(အောက်တိုဘာ ၂၃ ရက်ည)ဖားကန့်မှာ ဖြစ်ခဲ့တာဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်း​ရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်ပွဲခေါ်သံဖြစ်ပါတယ်” ဟုဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားခဲ့သည်။

စစ်ကောင်စီ၏ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူလူထုများ၊ အနုပညာရှင်များနှင့် KIO/KIA စစ်ဘက်၊ အရပ်ဘက်၀န်ထမ်းများအတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာနှင့်အတူ AA စစ်ဦးစီးချုပ်က အောက်တိုဘာ ၂၄ ရက်တွင် ရေးသားဖော်ပြခြင်းဖြစ်သည်။

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မီးစတဖက်၊ ရေမှုတ်တဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်သားစွာ တက်လှမ်းလုပ်ဆောင်ရမည့်အချိန်ကာလဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။

Facebook

You May Also Like

သတင်း

ယင်းဖြစ်ရပ်သည် စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲနိုင်ရန် မည့်သည့်စစ်ရာဇဝတ်မှုကိုမျှ ဂရုမပြုဘဲ အဆုံးစွန်ထိရက်စက်ယုတ်မာသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အဖန်ဖန်ပြသနေခြင်းဟု GSCB က ဆိုသည်။

သတင်း

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ်ရေးသို့ တွန်းပို့နေသည့် နိုင်ငံ၏အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်ကိုလည်း KNU က တိုက်တွန်းထားပါသည်။

သတင်း

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။