Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြဝတီ - ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး
မြဝတီ - ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး

ကော့ကရိတ်မြို့တွင်းတိုက်ပွဲများကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကို အထူးသတိပြုသွားလာကြပါရန် ကော်သူးလေတပ်မတော်(KTLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ယနေ့ အောက်တိုဘာလ(၂၆)ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ကရင်ပြည်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကော်သူးလေတပ်မတော်သားများ စစ်ရေးတင်းမာမှုများဖြစ်ပေါ်ပြီး တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကော့ကရိတ်-မြ၀တီ အာရှလမ်း အသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ်ကာလအတွင်း သတိထားသွားလာအသုံးပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက အသိပေးထားသည်။

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ(၁၈)ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့မှုများစတင်ဖြစ်ပွားပြီး တိုက်ပွဲအခြေအနေများကြောင့် အာရှလမ်းပိုင်းတွင် ခရီးသွားလာမှုရပ်တန့်ကာ ယာဉ်အများအပြားပိတ်ခဲ့ရသလို ပြီးခဲ့တဲ့ရက်ပိုင်းက ခရီးသွားလာခွင့်ပြန်လည်ရရှိခဲ့ပေမယ့် ယမန်နေ့တွင်တော့ ယာဉ်နှစ်စီး မီးရှို့ခံထားရသည်။

ယနေ့ အောက်တိုဘာ(၂၆)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေအင်အားစုတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ခရီးသွားပြည်သူများအနေဖြင့် သတိထားပြီးသွားလာနေကြရသည်ဟု ခရီးသွားပြည်သူတွေ၏ပြောကြားချက်အရ သိရသည်။

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

KNLAပူးပေါင်းတပ်၊ ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီမှ Lion Battalion၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိသောပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းကစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သတင်း

ကော့ကရိတ်မြို့နယ်အတွင်းတွင် ယမန်နေ့ညပိုင်းနှင့် မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏လေယာဉ်များက အခေါက်ပေါင်းများစွာ လာရောက်ပျံဝဲခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။