Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

“ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ ပစ်နေတာ။ အချက် နှစ်ဆယ်ကျော်ပြီ။ရမ်းပစ်နေတာ။ အလုံးကြီးတွေချည်းပဲ”ဟု မံစီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ
စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၂နာရီခန့်မှစတင် ၍ ကချင်ပြည်နယ်ရှိ မံစီမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေပြီး လူနေရပ်ကွက်များအား ပစ်မှတ် ထားပစ်ခတ်မည်ကို မြို့ခံများက စိုးရိမ်ကြောက်ရွှံ့နေကြသည်။

“ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ ပစ်နေတာ။ အချက် နှစ်ဆယ်ကျော်ပြီ။ရမ်းပစ်နေတာ။ အလုံးကြီးတွေချည်းပဲ”ဟု မံစီမြို့ခံတစ်ဦးက ပြောသည်။

ဗန်းမော်နှင့် (၁၃)မိုင်ခန့်အကွာ မံစီမြို့သို့စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းများ အရေးပေါ် ပိတ်ပစ်လိုက်ရသည်။ ထို့ကြောင့် မြို့သည် တိတ်ဆိတ်ခြောက်ကပ်သွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ သင်္ဘောလေးစင်းသည် ဗန်းမော်ဆိပ်ကမ်းသို့ဆိုက်ကပ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သင်္ဘောပေါ်မှာ အရေးကြီးတာ ပါလာပုံရတယ်။ ဒါကို တိုက်ခိုက်ခံရမှာစိုးလို့ အနီးဝန်းကျင်ကို လက်နက် ကြီး ပစ်ပြနေတာလည်း ဖြစ်နိုင်တယ်”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမော်မြို့နှင့် ၁၀မိုင်ခန့်ဝေးသော မိုးမောက်မြို့ကိုလည်း လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို တိုက်ခိုက်ရန် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

Facebook

You May Also Like

သတင်း

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေး​နေရသည်ဟုလည်း​ဒေသခံအချို့ကပြောသည်။

သတင်း

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

သတင်း

ရဲဘော်နှစ်ဦး လွတ်လပ်စွာဘဝကူးနိုင်စေရန် တပ်ဖွဲ့နှင့်မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းကိုလည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။