Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် နှစ်ဘာသာဂုဏ်ထူးဖြင့် ၁၀တန်းအောင်ခဲ့သည့် ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force
ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးရဲဘော်များထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားရာ နှစ်ဘာသာဂုဏ်ထူးဖြင့် ၁၀တန်းအောင်ခဲ့သည့် ရဲဘော်တစ်ဦးကျဆုံးကခဲ့ရကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ရက် မွန်းလွဲပိုင်းက မြင်းမူမြို့ဘက်မှ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် ပြည်သူ့ရဲဘော်များက အသင့်စောင့်နေခဲ့သည်။

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force
ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force

ဖြစ်စဥ်၌ တပ်ခွဲ (၂) တပ်စု (၃)တပ်စုမှူးရဲဘော်အီးဇီးသည် သူ၏ ရဲဘော်နှစ်ဦး မလွတ်တော့မည့် အခြေနေတွင် အယောင်ပြမျှားခေါ်ခဲ့ကြောင်း၊ ပထမတစ်ချက် လက်မောင်းကို ကျည်ထိမှန်ချိန်တွင် သူ၏လက်လုပ်သေနတ် အတိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြေးရာ ဒုတိယတစ်ချက် ဒူးကိုမှန်၍ လမ်းမလျှောက်နိုင်တော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျဆုံးရဲဘော်သည် Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးးဖြစ်သလို မိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးလည်းဖြစ်ကြောင်း၊ အသက်(၁၉)နှစ်သာ ရှိသေးသည့် ရဲဘော်အီးဇီးသည် ဆယ်တန်းကို ဂုဏ်ထူး(၂)ဘာသာဖြင့် အောင်မြင်ထားပြီး စစ်အာဏာသိမ်းမှုနှင့်ကြုံတွေ့ကာ လက်နက်ကိုင်တိုက်ပွဲ၌ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အား နွေဦးတော်လှန်ရေး၏ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီရသည်အထိတိုက်ပွဲဝင်သွားမည်ဟု Moe Nyo Revolution Force M.N.R.F အဖွဲ့က ကတိပြုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Moe Nyo Revolution Force M.N.R.F အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကျိုက်ဒုံမြို့နယ်ခွဲရှိ ကွီးလုံတိုင် စခန်းကို အောက်တိုဘာ ၂၆ရက်က ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Salween Press က ယနေ့ညနေပိုင်း၌ ဖော်ပြခဲ့သည်။

သတင်း

“အခုက ဈေးကွက်ထဲမှာ ဒေါ်လာကို ၂၀၁၀ရှေ့ပိုင်းကလို ခိုးကြောင်၊ခိုးဝှက်ဝယ်နေရတယ်။ ငွေလဲကောင်တာတွေကလည်း ဒေါ်လာကို အဝယ်ပဲရှိတယ်။ အရောင်းပိတ်ထားကြတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

သတင်း

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။