Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းချတာမလုပ်ဖို့ မိုးကုတ် ပ.က.ဖသတိပေး

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။

မိုးကုတ်မြို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဝီကီ)
မိုးကုတ်မြို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဝီကီ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားလုပ်ဆောင်နေသူတွေ အနေနဲ့ ဆက်လက်မလုပ်ကိုင်ကြဖို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) သတိပေးလိုက်ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ စစ်အုပ်စုကို လိုင်းကြေးပေးပြီးဆောင်ရွက်နေတာလို့လည်း မိုးကုတ် ပ.က.ဖ က ဆိုပါတယ်။

တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန်မှာအကျိုးစီးပွားကိုသာကြည့်ပြီး စစ်အုပ်စုနဲ့ပေါင်းကာ လူငယ် ၊လူရွယ်တွေပျက်စီးစေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ကို မိုးကုတ် ပ.က.ဖ က မနေ့က အောက်တိုဘာလ ၂၆ ရက် ရက်စွဲနဲ့သတိပေးထုတ်ပြန်တာတွေ့ရပါတယ်။

မလိုက်နာရင် စစ်အုပ်စုရဲ့အကျိုးစီးပွားကိုလိုလားသူအဖြစ် သတ်မှတ်ရှင်းလင်းသွားမယ်လို့လည်း သတိပေးထားပါသေးတယ်။

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။

Facebook

You May Also Like

သတင်း

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

"စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်"ဟု ၎င်းက ပြောသည်။

သတင်း

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။