Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်အမျိုးသမီးစစ်သည်တော်တပ် (၁)နှစ်ပြည့်တွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရောက်အောင် ချီတက်မည် ထုတ်ပြန်

မိုင်းထုတ်လုပ်ရေးတွင် နာမည်ကြီးသည့် မြောင် အမျိုးသမီးစစ်သည်တော်တပ်(M2W)ဖွဲ့စည်းသည်မှာ ယမန်နေ့( အောက်တိုဘာ၂၆ရက်)တွင် (၁)နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

မြောင်အမျိုးသမီးစစ်သည်တော်တပ် (၁)နှစ်ပြည့်တွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရောက်အောင် ချီတက်မည် ထုတ်ပြန်
မြောင်အမျိုးသမီးစစ်သည်တော်တပ် (၁)နှစ်ပြည့်တွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရောက်အောင် ချီတက်မည် ထုတ်ပြန်

မြောင်အမျိုးသမီးစစ်သည်တော်တပ်(M2W)ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပြည်သူလူထုမျှော်လင့်ထားသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ရောက်အောင် ယုံကြည်မှုဖြင့် ဆက်လက်ချီတက်မည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

မိုင်းထုတ်လုပ်ရေးတွင် နာမည်ကြီးသည့် မြောင် အမျိုးသမီးစစ်သည်တော်တပ်(M2W)ဖွဲ့စည်းသည်မှာ ယမန်နေ့( အောက်တိုဘာ၂၆ရက်)တွင် (၁)နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

M2W ဖွဲ့စည်းခြင်း (၁)နှစ် အခမ်းအနားကို မြောင်မြို့နယ်တွင် ယမန်နေ့က ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က သဝဏ်လွှာပေးပို့ခဲ့သည်။

“ကျွန်မတို့က ပြည်သူလူထုနဲ့အတူ လူထုမျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအထိ ယုံယုံကြည်ကြည် ရှေ့ဆက်မှာ။ အဲ့ဒီအတွက်လည်း ရာနှုန်းပြည့် ယုံကြည်မှုရှိတယ်”ဟု မြောင်အမျိုးသမီးစစ်သည်တော်တပ် (M2W)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အမရာက ပြောသည်။

M2W ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်အခမ်းအနားသို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တက်ရောက်ခဲ့ပြသည်။

“အမှန်တစ်ကယ်တော့ အင်အားကြီးမားပြီး လုပ်ဆောင်ရည်ထက်မြတ်သော အမျိုးသမီးအင် အားထုကြီးတစ်ရပ်ဖြစ်ပေါ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရိုးရာဓလေ့၊အယူအစွဲ၊ Gender ခွဲခြားမှုနှင့် အဖက်ဖက်မှ ရင်ဆိုင်ရသော အခက်အခဲပေါင်းများစွာဟာ အမျိုးသမီးထုတွေအတွက် အချိန်တိုင်းဟာ ရေဆန်လမ်းတွေချည်းပါ။ သို့ပေမယ့် မုန်တိုင်းကြားမှာ ရုန်းကန်ပျံသန်းရင်း နွေဦးတော်လှန်ရေးခရီးကြမ်းမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)

ဇီဝိန်ခြွေယုံသာမက မြောင်နယ်၏ ပြန်လည်ဖွံဖြိုးရေး၊ပညာရေး၊ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍများပါ တက်စွမ်းသမျှ နိုင်ငံအကျိုးသယ်ပိုးနေကြသည်ကိုတွေ့နေရပါသဖြင့် အထူးလေးစား ဂုဏ်ပြုလိုက်ပါသည်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည့်သတင်းတွင် အသိအမှတ်ပြု ချီးကျူးထားသည်။

မြောင်အမျိုးသမီးစစ်သည်တော်တပ်(M2W) သည် မိုင်းထုတ်လုပ်ရေးကို အဓိကတာဝန်ယူထားသလို ရှေ့တန်းတွင် ထောက်ပို့အဖြစ်လိုက်ပါခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ပြီး အကောင်အထည်ဖော်နေသည့် ပညာရေးကဏ္ဍတွင် ပါဝင်ကူညီခြင်းတို့ကို လုပ်ဆောင်ပေးနေသည်။

Facebook

You May Also Like

သတင်း

အောက်တိုဘာ ၂၅ ရက်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ပဒက်ချောင်းအလွန်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

သတင်း

ယနေ့(အောက်တိုဘာ ၂၂ရက်) နံနက် ၄နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ်တွင်းသို့ စစ်ကြောင်း နှစ်ကြောင်းပြိုင်ဝင်လာခဲ့သည်။

သတင်း

ထို့အပြင် ချောင်းဦးမြို့နယ် ကင်မွန်တော်နှင့်ကံကြီးကုန်းကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည်။ ဒေသခံပျုစောထီးများနှင့်ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။