Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်အခါကျရောက်လာပြီ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရ်ှနန်က ဒီနေ့ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာပြောလိုက်ပါတယ်။

ဒီနေ့အစည်းအဝေးဟာ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးဖြစ်ပြီး လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးရမယ့် အချက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

ကချင်ပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲဖြစ်စဉ် အပေါ် အာဆီယံက အလေးထားစိုးရိမ်ကြောင်း ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအတွက် အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ကို ချရမယ့်အချိန်ရောက်လာပြီး ဒီနေ့အစည်းအဝေးဟာ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှာအကြံပြုရမယ့်အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စင်ကာပူအခြေစိုက် The Straits Times သတင်းစာက လာမယ့်နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်သင့်တယ်လို့ ရေးသားဖော်ပြလာတာရှိပါတယ်။

Facebook

You May Also Like

သတင်း

စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမည့်အစား အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပံ့ပိုးခြင်းများကို လုပ်ဆောင်ရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

သတင်း

ယခုတစ်ကြိမ်ဆွေးနွေးမှုသည် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး မည်သို့တွန်းအားပေးမည်ကို အကြံပြုချက်များ ထွက်ပေါ်ရန် အဖြေရှာကြမည်ဟု အထက်ပါပြောခွင့်ပုဂ္ဂိုလ်က ဆက်ပြောသည်။

သတင်း

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

သတင်း

ပါမောက္ခရှောင်တာနဲလ်သည် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။