Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFနှင့် BPLAတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ဟု NUG ကာကွယ်ရေး ထုတ်ပြန်

ထို့ပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွလက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။

(BPLAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPLA)
(BPLAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPLA)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွလက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။

ယမန်နေ့ (အောက်တိုဘာ၂၆)တွင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ သဘောတူခဲ့သည်ဟု ဆိုသည်။

အဆိုပါတွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အခန်းကဏ္ဍနှင့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်သည်။

BPLAသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေအတွင်း KNLA နှင့်ပူးပေါင်း စစ်ရေးလှုပ်ရှားတိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

မိုးဗြဲမြို့တွင် တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရန်နှင့်ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေရန် ကြိုးစားနေသည်ဟု ဆိုသည်။

သတင်း

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။