Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် မိုးမောက်မြို့ကို လက်နက်ကြီးပစ်ခတ်ရာ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

သေဆုံးသူအမျိုးသမီး
သေဆုံးသူအမျိုးသမီး

စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ခန့်အထိရှိလာ

စစ်ကောင်စီတပ်က မိုးမောက်မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေရာ ယမန်နေ့ညက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။

ယမန်နေ့(အောက်တိုဘာ ၂၆ရက်)ညက စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“(၅)မိုင်ဂိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျပြီး အသက် ၃၀အရွယ်ခန့် အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်။ ညကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်။

ဒေသတွင်းသတင်းအချို့တွင် သေဆုံးသူသုံးဦးရှိကြောင်းဖော်ပြထားသော်လည်း မဟုတ်မှန်ကြောင်းဒေသခံအချို့က ပြောသည်။

စစ်ဘေးရှောင်များအား တွေ့ရစဥ်
စစ်ဘေးရှောင်များအား တွေ့ရစဥ်

အောက်တိုဘာ ၂၃ရက် ညနေကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများတွင် စစ်​ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါအဝင်အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများ​ရှိပြီး အထိနာနေ၍ လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်​နေကြာင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုဗုံးပါအသုံးပြုနေသည်ဟု ဒေသခံများက ​ပြောသည်။

ထို့အပြင် တိုက်ပွဲများ​ကြောင့်စစ်ဘေးရှောင်ဦးရေသည် နှစ်ထောင်ခန့်အထိ ရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။စစ်ကောင်စီတပ်သည် အရပ်သားနေရာများအား ဦးတည်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

You May Also Like

သတင်း

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ဒါပေမယ့် တစ်လ ၂ ခါ အစားအသောက် ၊အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေပေးပို့တာကိုတော့ ဆက်လက်ပိတ်ပင်ထားပါတယ်။

သတင်း

အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။

သတင်း

ခေတ်မီလက်နက်မရှိ၍ တိုက်ပွဲရှိပါက မဟာမိတ်အဖွဲ့များထံမှ မောင်းပြန်သေနတ်များငှားရမ်းကာ စစ်ကောင်စီအားခုခံတိုက်ခိုက်နေကြောင်း၊ လိုအပ်သည့် AK-47နှစ်လက်စာ ကျပ်သိန်း၂၆၀ အတွက် ကမ်ပိန်းပြုလုပ်ကာ ရှာဖွေနေကြောင်း မုံရွာခရိုင်အခြေစိုက် Monywa Lightning ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။