Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနား ယာယီသမ္မတက အမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များကို အာမခံချက်ရှိစွာ တည်ဆောက်ပေးနိုင်မည့် လူမူအသိုက်အမြုံတစ် ခု အေးချမ်းတည်ငြိမ်စွာ ဖြစ်ထွန်းပေါ်ပေါက်လာရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ထိုသို့ ဖြစ်ထွန်းပေါ်ပေါက်လာရန် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ယှဉ်တွဲတည်ဆောက်ကြရန် လိုအပ်သည်ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနား ယာယီသမ္မတက အမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လွတ်လပ်မှုသည် လူသားအားလုံး၏ အခြေခံရပိုင်ခွင့် ဖြစ်ကြောင်း၊ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်ကလည်း နိုင်ငံသားအားလုံး၊ ပြည်သူလူထုအားလုံး၏ အခြေခံနိုင်ငံသားအခွင့်အရေးဖြစ်ကြောင်း ယုံကြည်လက်ခံထားသည် ဟု ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ ပဒေသာစုံ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ လွတ်လပ်စွာ အမြင်သဘောထားကွဲလွဲခွင့်ကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်း ဖြစ်မှသာလျှင် မတူညီသော အမှတ်သရုပ်တွေကို ပြည်ထောင်စုစနစ်/ ဖက်ဒရယ်စနစ်နဲ့ စုစုစည်းစည်း တည်ဆောက်ရာမှာ ဘေးထွက်ဆိုးကျိုး နည်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော် တို့ဟာ မတူတိုင်း ကွဲပြားစရာ မလိုပါဘူး။ ကွဲပြားတိုင်းလည်း ရန်ဖြစ်စရာ မလိုဘူးလို့ ခံယူမိပါတယ်။ မတူကွဲပြားခြင်းမှာ အလှတရား ရှိတယ်၊ စုံလင်များပြားခြင်းမှာ အလှတရားရှိတယ်လို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သလို၊ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတစ်ခုလည်း ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ခံထားသည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်သည် မတူကွဲပြားသော လူအုပ်စု အချင်းချင်းအကြား အပြန်အလှန် လေးစားမှုရှိသည့် ကိုယ်ချင်းစာ တရားရှိသည့် အမူအကျင့်များနှင့် ပူးတွဲတည်ရှိရမည်ဟုယူဆကြောင်း ယာယီသမ္မတက ပြောသည်။

“အပြန်အလှန် လေးစားမှုမရှိတဲ့ လွတ်လပ်ခြင်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လွတ်လပ်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဘေးဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်ခွင့်နဲ့အတူ ယှဉ်တွဲဖြစ်တည်ရမယ့် အခြေခံသဘောတရားတွေကိုလည်း မမေ့ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံတင်ပြလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

You May Also Like

သတင်း

ဗဟန်းရှိ မြေကွက်များရောင်းချပြီးဖြစ်သော်လည်း တောင်ဒဂုံရှိ စစ်အုပ်စုပိုင်မြေကွက်များကို ဆက်လက်ရောင်းချနေသဆဲဖြစ်၍ ​တောင်ဒဂုံရှိနွေဦးအောင်လံစီမံကန်းနှင့် မန္တလေးရှိ Spring Mandalayမြေကွက်များကို ဝယ်ယူကာ တော်လှန်ရေးကို ပါဝင်ရန်လည်း NUGကတိုက်တွန်းထားသည်။

သတင်း

အဆိုပါမြေကွက်များသည် တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်၍ မြေကွက် ၁၂၀အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမည်ဖြစ်သည်ဟုရှယ်ယာနှင့်မြေကွက်ရောင်းချပေးသည့်ကိုယ်စားလှယ်များကပြောသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၈ရက်) ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက မဟာမိတ်ဆက်ဆံရေးကိစ္စကို အဓိကထား ပြောကြားခဲ့သည်။

သတင်း

“မြေကွက်ရောင်းတဲ့နေရာမှာ ဈေးနည်းတာတွေက အပြိုင်ဝယ်ကြတယ်။အလုအယက်ဝယ်ကြတာ။ ဈေးကြီးတာတွေဘဲကျန်တော့တာ”ဟု မြေကွက်ရောင်းချသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။