Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်သူများအမှုအခင်းများကို တယ်လီဂရန်ချန်နယ်ကတဆင့် ပြန်လည်တိုင်ကြားနိုင်ကြောင်း AA အသိပေး

ပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ၏ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်သည်။

(AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA)
(AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA)

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ ရက္ခိုင်ပြည်သူ့အစိုးရက အမှုအခင်းများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ရန် ဆောင်ရွက်ထားရာ Telegram Account ကတဆင့် တိုင်ကြားနိုင်ကြောင်း ULA/AAက ထုတ်ပြန်သည်။

အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တခုကိုဖွင့်ပြီး တရားဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးခဲ့ရာ ၂၀၂၂ ဩဂုတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမဟိဘဲ ရပ်နားထားခဲ့ကြောင်း AAက ဆိုသည်။ ယခုအချိန်တွင် တရားဥပဒေရေးရာဌာနမှ Justice For Arakan အမည်ဖြင့် Telegram Account အကောင့်သစ်တခုကို အောက်တိုဘာ ၂၇ရက်တွင် အသစ်ထပ်မံ ဖွင့်ထားကြောင်း အသိပေးထားသည်။

ပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ၏ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တရားပဒေရေးရာဌာနသည် ရခိုင်ပြည်သူများ၏ တရားရေး၊ ဥပဒေရေးရာနှင့် သက်ဆိုင်သည့် အမှုအခင်းများ ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနေသော ပြဿနာများကို အချိန် နှင့် တပြေးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံးဖြေပေးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြေပြင်တွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ရုံးများ ဖွင့်လှစ်၍ အမှုများ စစ်ဆေးပေးခြင်း၊ တရားဥပဒေရေးရာ ဌာန အား လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိဟု ဖော်ပြထားသည်။

You May Also Like

သတင်း

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်တွင် KIO ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးကို ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

သတင်း

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။