Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင် ဘန့်ဘွေးရွာရှိ ကင်းစောင့်နေသောစစ်ကောင်စီတပ်နှင့်ပျူများ တိုက်ခိုက်ခံရ

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

ကျောက်လုံးကြီး KLG PDF အဖွဲ့ဝင် ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်၊ ဓာတ်ပုံ-KLG PDF
ကျောက်လုံးကြီး KLG PDF အဖွဲ့ဝင် ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်၊ ဓာတ်ပုံ-KLG PDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား ယနေ့နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက် ၄နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအထွက်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်ကြီး ၊လက်နက်ငယ်များနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာဗျ။ ​ွေးဘက်က ပြန်ပစ်တယ်ဗျ။ ဘန့်ဘွေးက ပျူတွေက ရွှေတောင်ဦးနဲ့နီးနေတော့ တော်တော်ဆိုးတယ်။”ဟု KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူများဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးဟု KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

စစ်ကောင်စီတပ်အား တော်လှန်မှုအားကောင်းသည့် ယင်းမာပင်မြို့နယ်တွင် အောက်တိုဘာရ၂၁ရက်က ရွှေလှံကျေးရွာ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးသတ်ဖြတ်မီးရှို့ခံရသ​ည်။ ထိုနေ့တွင်ပင် ရင်ပေါင်တိုင်ကျေးရွာလည်း ဝင်ရောက်စီးနင်းခံရပြီး ကိုယ်ဝန်ဆောင်မိခင် တစ်ဦးနှင့် အဘွားအိုတစ်ဦး သေဆုံးခဲ့သည်။

You May Also Like

သတင်း

အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

သတင်း

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မြောင်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။