Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ ခေါင်းရှောင်နေခြင်း ရပ်သင့်ပြီဟု အရပ်ဘက်အဖွဲ့ သုံးဖွဲ့ ထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အစွမ်းကုန် အရေးပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရမည်ဟု ၎င်းက တိုက်တွန်းသည်။

(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​​ဝေးတစ်ခု။ ဓါတ်ပုံ-UN/Mark Garten)
(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​​ဝေးတစ်ခု။ ဓါတ်ပုံ-UN/Mark Garten)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့က ယနေ့တိုက်တွန်းထုတ်ပြန်သည်။

မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ကျရှုံးနေသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ခိုင်မာသည့်အရေးယူမှုများ လုပ်ဆောင်ရတော့မည် ဆိုသည့်အချက်ကို ပြနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ဆိုသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီအခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။ အခုဒီအခြေအနေမှာတော့ မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး အရပ်သားတွေကို မြင်မြင်ရာ ဘယ်သူ့မှမရှောင် ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကျွန်မတို့ဟာ ကိုယ့်မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကို တမ်းတပူဆွေး နေရပြီး မြန်မာပြည်သူတွေရဲ့ ဘဝဟာ ဒီထက်မက ပိုကြီးတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေ ရှိနေပါတယ်” ဟု ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) မှ မွန်းနေလီက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အစွမ်းကုန် အရေးပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရမည်ဟု ၎င်းက တိုက်တွန်းသည်။

အာဆီယံက ပြတ်သားစွာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းမှာ တရားမဝင် မြန်မာစစ်အုပ်စု အလိုကျ လုပ်ပေးနေခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီက စစ်အုပ်စုအပေါ် ထိရောက်သည့် အရေးယူမှုများ မလုပ်နိုင်အောင် ကာကွယ်ပေးနေခြင်းလည်းဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။

“ပြည်သူလူထုရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

You May Also Like

သတင်း

စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမည့်အစား အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပံ့ပိုးခြင်းများကို လုပ်ဆောင်ရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

သတင်း

လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

သတင်း

စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။