Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ် ပရိမ္မတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ PDF ရဲဘော်နှစ်ဦးနှင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ၊ စစ်အုပ်စုဘက်ကလည်း ထိခိုက်မှုရှိ

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာသို့ လေကြောင်းဖြင့်ပါ ပစ်ခတ်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ PDF ရဲဘော်နှစ်ဦး၊ ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် မြင်းခြုံခရိုင်တပ်ရင်း (၃) PDF ရဲဘော်များအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်နှစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးမှုများလည်းရှိခဲ့ကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)

နံနက်၇နာရီခန့်တွင် မုံရွာ(နမခ)မှ ရဟတ်ယာဥ် သုံးစီးဖြင့် လာရောက်ကာ နှစ်စီးမှာ လူချပြီး တစ်စီးမှာ ပတ်ပတ်လည်အား ပစ်ခတ်ခြင်း၊ ကျေးရွာတွင်းသို့ ပစ်ခတ်ခြင်းများပြုလုပ်သဖြင့် လက်ရှိရထားသောစာရင်းအရ ဒေသခံပြည်သူ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ကိုနွေဦး(မြောင်)က ဆိုသည်။

ထို့အပြင် ပိတ်မိနေသော ပြည်သူများနှင့် ခုခံနေကြသော မဟာမိတ်များအားကူညီရန် မြင်းခြံခရိုင် တပ်ရင်း(၂ )နှင့်( ၁) ၊CRF မြင်းမူနှင့် 27 Revolution Force စသောညီနောင်များမှ ဝိုင်းဝန်းကူညီခဲ့သည်။

ဒဏ်ရာရပြည်သူများကို 27 Revolution Forceအဖွဲ့နှင့် တောင်သာမြေလတ်စသောအဖွဲ့များက အမြန်ကယ်ထုတ်ကာ ဆေးကုသမှုများအချိန်မီပြုလုပ်ပေးထားခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိတော့ကြောင်း ကိုနွေဦး (မြောင်)က ပြောသည်။

ပရိမ္မဘက်တွင်လည်း မြေပြင်နှင့်ဝေဟင်ပစ်ခတ်နေ၍ CDSOM၊စစ်ကိုင်းခရိုင်တပ်ရင်း(၂ )မှ တပ်ခွဲ (၃)၊တပ်ရင်း(၆)မှ တပ်ခွဲ(၃)တို့သည် ပျံဝံနေသော ရဟတ်ယာဥ်အား ပြန်လှန်ပစ်ခတ်ခြင်း၊ ကျောက်ရစ်စခန်းအား ဝင်ရောက်ပစ်ခတ်ခြင်းနှင့် စခန်းတွင်းသို့ (၄၀)မမ သုံးလုံးဖြင့်ပစ်သွင်းခဲ့ကြောင်း အဆိုပါ အဖွဲ့များက အသိပေးသည်။

“နှစ်လုံးမှာ စခန်းတွင်းကျရောက်ပေါက်ကွဲပြီး ​ွေးသေ ၃၊ ၄ကောင်ရှိပါမယ်။”ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ထိုအချိန် ရဟတ်ယာဥ် ရောက်လာသဖြင့် ရဲဘော်များလည်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထို့အပြင် ဒေသတွင်း အခြားPDFအဖွဲ့များလည်း ရောက်ရှိလာကြပြီး လက်ရှိအချိန်တွင် ပရိမ္မမှ စစ်ကောင်စီတပ်များသည် ကျောက်ရစ်ဘက်သို့ ထွက်ခွာနေကြောင်း၊ လက်နက်ကြီးများ​ဖြင့် ပတ်ပတ်လည်အား ရမ်းသမ်ပစ်ခတ်ကာ ထွက်ခွာနေပြီး ပြည်သူ့အိမ်တစ်လုံးအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုနွေဦး (မြောင်)က ပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် ကျေးရွာ ၇ရွာခန့်မှ ဒေသခံပြည်သူ ၅,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

You May Also Like

သတင်း

အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

သတင်း

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။

သတင်း

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

သတင်း

စစ်ကောင်စီတပ်သည် မြောင်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။