Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ
ကော့ကရိတ်ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်မှုးတစ်ဦးနေအိမ် ပစ်ခတ်မီးရှို့ခံရ

ကော့ကရိတ်မြို့နယ်ထဲရှိ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တပ်မှူးတစ်ဦး၏ နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မှူးဇနီးအပါအဝင် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ(၂၇)ရက် ည(၇)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်​မြောက်ပိုင်း မိဖာလဲရွာတွင်ရှိသော KNU/KNLA PC တပ်ရင်း(၇၇၇)၏ တပ်မှူးစောဝင်းကျော်နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မှူးဇနီးနှင့် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း KNU/KNLA PC တပ်မှူးစောဝင်းကျော်နှင့် သမီးဖြစ်သူတို့ လွတ်မြောက်သွားခဲ့ပြီး လာရောက်ပစ်ခတ်သောအဖွဲ့မှ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကားနှစ်စီးကိုပါ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများဆီက သိရသည်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သွားရောက်တွေ့ဆုံခဲ့သော အဖွဲ့တစ်ဖွဲ့လည်းဖြစ်ကာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသတွင် ဗဟိုဌာနချုပ်ထားရှိပြီး အခြေစိုက်သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

"ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ ပစ်နေတာ။ အချက် နှစ်ဆယ်ကျော်ပြီ။ရမ်းပစ်နေတာ။ အလုံးကြီးတွေချည်းပဲ"ဟု မံစီမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတင်း

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။