Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု လက်မခံနိုင်ကြောင်း ဖော်ပြမည့် ယနေ့ည မီးပိတ်သပိတ်တွင် ပြည်သူများ ပါဝင်ရန် ကသာပအဖ တိုက်တွန်း

ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနန့်ပါဒေသ၌စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ်လက်မခံနိုင်ကြောင်း ဖော်ပြမည့် မီးပိတ်သပိတ်ကို ယနေ့ည ၈နာရီခွဲမှစတင်ပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ပါဝင်ကြရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။

စစ်ကောင်စီ၏အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် KIO/KIA ရဲဘော်များ ၊ ကချင်အနုပညာရှင်များ နှင့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ထိခိုက်ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် ပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်း တုံ့ပြန်သည့်အနေဖြင့် ယနေ့ အောက်တိုဘာ ၂၈ရက် ည ၈နာရီခွဲမှစ၍ ၁၀မိနစ်ကြာ မီးပိတ်သပိတ် ပြုလုပ်မည်ဖြစ်သည်။

ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၃ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု တွင် ပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် kIO စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ စုစုပေါင်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

အဆိုပါ ဟောပြောပွဲကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) နှင့် စစ်ကိုင်းမြို့နယ် လူသားချင်း စာနာမှုတာဝန်ခံတို့က ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မီးပိတ်သပိတ်ကို ည ၈ နာရီ ၃၀ မိနစ်ကနေ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ခန့် မီးပိတ်ပြီး အမှောင်ချထားရမှာဖြစ်ပါတယ်။

သတင်း

RCSS၊ ၀တပ်ဖွဲ့(UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA) စသည့် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်များကလည်း အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ရှုတ်ချထားခြင်းမျိုးမတွေ့ရပေ။

သတင်း

ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သပိတ်စတင်မည့် ည၈နာရီအချိန်သည် ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်ဖြစ်သည်။