Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Figher အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်အား လျက်ဆားပုလင်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၈ ရက်) ညနေ ၆နာရီ၂၅ မိနစ်ခန့်က မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အစောင့်ကျနေသည့် စစိကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးနေရာတွင်သေဆုံးသွားပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“တစ်ကောင်လည်း အခြေအနေမကောင်းနိုင်ဘူး။ ကျွန်တော်တို့လျက်ဆားပုလင်းက တအားပြင်းတာ။ အဲဒီနှစ်လုံးကို တစ်ဘရိတ်ထဲခွဲနိုင်ရင် ကားတစ်စီးလန်တယ်။ မြို့ပေါ်မှာ သေနတ်တွေနဲ့ အချက်ငါးဆယ်လောက်ရှိပြီ လိုက်ပစ်နေတယ်။ တစ်မြို့လုံး မည်းမည်းမြင်ရာလိုက်ပစ်နေတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Figher အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းမူမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်အနီး၌ ပေါက်ကွဲသံများကြားလိုက်ရကြောင်း မြို့ခံများက အတည်ပြုပြောကြားသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း ​မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသောစစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သေးသည်။

You May Also Like

သတင်း

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

သတင်း

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

သတင်း

အောက်တိုဘာ ၂၅ ရက်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ပဒက်ချောင်းအလွန်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဗဟန်းရှိ မြေကွက်များရောင်းချပြီးဖြစ်သော်လည်း တောင်ဒဂုံရှိ စစ်အုပ်စုပိုင်မြေကွက်များကို ဆက်လက်ရောင်းချနေသဆဲဖြစ်၍ ​တောင်ဒဂုံရှိနွေဦးအောင်လံစီမံကန်းနှင့် မန္တလေးရှိ Spring Mandalayမြေကွက်များကို ဝယ်ယူကာ တော်လှန်ရေးကို ပါဝင်ရန်လည်း NUGကတိုက်တွန်းထားသည်။