Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ မတရားဖမ်းဆီးအကျဉ်းချထားသည့် အဆိုတော်ပိုပိုနှင့် အလှအပဘလော့ဂါ ဝင်းမင်းသန်းတို့ ပြန်လွတ်မြာက်လာ

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

ပိုပို
ပိုပို

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပြည်သူများနှင့်အတူ ပါဝင်ခဲ့သောကြောင့် မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ကျခံနေရသည့် အဆိုတော်ပိုပိုနှင့် အလှအပရေး‌ရာ ဘလော့ဂါ ဝင်းမင်းသန်းတို့ ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

၎င်းတို့နှစ်ဦးသည် ပြည်သူနှင့်အတူ အာဏာရှင် ဆန့်ကျင်ရေးလှူပ်ရှားမှုများတွင် ပါဝင်‌ခဲ့သော ကြောင့် အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မတပ်ကာ ၂၀၂၁ ဧပြီကတည်းက ‌ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝင်းမင်းသန်း
ဝင်းမင်းသန်း

ထို့နောက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မဖြင့် ထောင်ဒဏ် သုံးနှစ်စီကျခံခဲ့ရပြီးပြစ်ဒဏ်ကျခံကာလ တစ်နှစ်ခွဲကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

လွတ်မြောက်လာသည့် အကြောင်းရင်းနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုရန် စုံစမ်းနေဆဲဖြစ်သည်။

ယခုနှစ်နှစ်ဆန်းပိုင်းတွင်လည်း မတရားပုဒ်မတပ်ကာဖမ်းဆီးထားသည့် အနုပညာရှင်များကို အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ အကျဉ်းထောင်ထဲ၌ မတရားဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ရဲတိုက် ၊ဆင်မ စသည့်အနုပညာရှင်အချို့ကျန်ရှိနေဆဲဖြစ်သည်။

You May Also Like

သတင်း

ဗုဒ္ဓဟူး​နေ့မှာပြုလုပ်တဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က တက်ရောက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

သတင်း

"တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ"ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

သတင်း

"မစ်ရှင်တော့မဖျက်ပါဘူးဗျ။ ပြည်သူနဲ့ ဝေးတဲ့နေရာတွေကို Target ထားလုပ်မှာပါ"ဟု Generation Y Guerrilla - GY G အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မီးပိတ်သပိတ်ကို ည ၈ နာရီ ၃၀ မိနစ်ကနေ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ခန့် မီးပိတ်ပြီး အမှောင်ချထားရမှာဖြစ်ပါတယ်။