Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်း နေရာနှစ်ခု၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု ကော်ဘရာစစ်ကြောင်း အသိပေး

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့ (အောက်တိုဘာ ၂၈ရက်)က နေရာနှစ်ခု၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၂၈ရက် နေ့လည် ၁နာရီခန့်မှ စတင်ကာ လူခို့ညောင်ချောင်း နေရာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော KNLA တပ်ရင်း (၂၇)ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏တပ်မ (၄၄)လက်အောက်ခံ ခမရ (၂၀၇)တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ကျော်ဝါးဘိုး ဘုရားကုန်းတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ၊ ဒုံးပစ်လက်နက်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးမှုကို အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြ၀တီ – ဝေါ်လေလမ်း တောင်နီကျေးရွာအနီးတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အားပူးပေါင်းတပ်က လက်ဖြောင့်စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့သည်ဟု စစ်မြေပြင်သတင်း အတည်ပြုချက်ကို ထုတ်ပြန်သည်။

ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘလက်တိုကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်ရင်း ခမရ (၃၅၈)မှ တပ်သား ၃ဦး နှင့်ခမရ (၄၃၂)မှ တပ်သား တစ်ဦး၊ ခလရ (၂၈၄)မှ တပ်သားတစ်ဦးတို့ အလင်းဝင် လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

သတင်း

ပြည်တွင်း လစာငွေ ပြန်လွှဲရင် အပိုဆောင်းပေးမယ့် ကျပ်ငွေကို ငွေထုတ်တဲ့နေ့မှာတပါတည်း ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

သတင်း

"စိုင်သေကျေးရွာကို မနက်လေးနာရီလောက်မှာရှို့တယ်။ သံပြာချောင်းကို မနက်၆ နာရီလောက်မှာ ရှို့တယ်။ စခတွေ ရွာထဲရှိနေသေးလို့ ဘယ်လောက်ပါသွားတယ်မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။