Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီးပိတ်သပိတ်နဲ့ဆက်စပ်ပြီး မန္တလေးမှာ အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦးဖမ်းဆီးခံရလို့ဆို

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

မနေ့ညပိုင်းက မီးပိတ်သပိတ်လူထုလှုပ်ရှားမှု (ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ/FB)
မနေ့ညပိုင်းက မီးပိတ်သပိတ်လူထုလှုပ်ရှားမှု (ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ/FB)

မန္တလေး မှာ မီးပိတ်သပိတ်လုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်သူ ၅ ဦးနဲ့ သပိတ်မှာပါဝင်တဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။

စုစုပေါင်း ၆ ဦး ဖမ်းဆီးခဲ့တာလို့ သတင်းဖြန့်ထားပြီး ၁ ဦးဟာ သပိတ်မှာပါဝင်တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးဖြစ်တယ်လို့သိရပါတယ်။

မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ နေရာအချို့မှာ သေနတ်ပစ်ဖောက်တာ ၊ မီးဖြတ်ပစ်တာ တွေလုပ်ဆောင်ခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

သပိတ်မတိုင်ခင်ကလည်း မီးပိတ်သပိတ်မှာပါရင် မီတာပုံးဖြုတ်ပြီး အရေးယူမယ်လို့ စစ်အုပ်စုဘက်က ခြိမ်းခြောက်တာတွေရှိခဲ့တာပါ။

You May Also Like

သတင်း

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

သတင်း

ထို့အပြင် ည၉ နာရီခန့်တွင် မန္တလးကျုံးအရှေ့ဘက်ရှိ အမှတ်၁ရဲစခန်းဝန်းကျင်၌ သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း ​မြို့ခံများက ပြောသည်။

သတင်း

ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။

သတင်း

မီးပိတ်သပိတ်ကို ည ၈ နာရီ ၃၀ မိနစ်ကနေ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ခန့် မီးပိတ်ပြီး အမှောင်ချထားရမှာဖြစ်ပါတယ်။