Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေနံချောင်း − ကျောက်ပန်းတောင်း လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဒီနေ့မနက်အစောပိုင်း ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

ရေနံချောင်း − ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဒိုင်နာကားဟာ နောက်ကနေ ဝင်တိုက်မိတာ လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်က သတင်းထုတ်ထားပါတယ်။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၉ ဦးအနက် အမျိုးသား ၃ ဦး ၊အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူတွေကို ချောက်မြို့နယ် ဆေးရုံ ပို့ထားတယ်လို့သိရပါတယ်။

You May Also Like

သတင်း

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အနောက်ဘင်္ဂလား ဒေသမှာလည်း မုန်တိုင်းကြောင့် လူသောင်းဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပေမယ့် ထိခိုက်သေပျောက်မှု မရှိခဲ့ကြောင်း သိရပါတယ်။