Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်ခေါင်းမှာ ငွေချေးကုမ္ပဏီက အမျိုးသမီး သတ်ဖြတ်ခံရ

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း မနေ့နေ့လယ်ပိုင်း ချေးငွေကောက်ပြီးပြန်လာတဲ့ ပုဂ္ဂလိက ငွေချေးကုမ္ပဏီ တစ်ခု ရဲ့ ချေးငွေ အရာရှိ အမျိုးသမီး သတ်ဖြတ်ခံလိုက်ရပါတယ်။

သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ Early Dawn Microfinance ပေါက်ခေါင်းဌာနခွဲမှ အသက် ၃၃ နှစ်အရွယ် ချေးငွေအရာရှိ မစန်းစန်းမော် ဖြစ်တယ်လို့ အဲဒီကုမ္ပဏီကလည်းအသိပေးထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ် ၊သီးကုန်းကျေးရွာနေသူ မစန်းစန်းမော်ဟာမနေ့ကနေ့လယ်ပိုင်း ၂ နာရီဝန်းကျင်က ရှားစီးဖိုကျေးရွာ မှာ ချေးငွေသိမ်းဆည်းပြန်လာချိန် ရှားစီးဖို − ပေါက်ခေါင်း ကားလမ်းမှာ သတ်ဖြတ်ခံလိုက်ရတာပါ။

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

You May Also Like

သတင်း

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

သတင်း

အခင်းဖြစ်တဲ့ တိုက်တန်းမှာနေထိုင်သူ တစ်ဦးရဲ့ပြောပြချက်အရတော့ ဒီနေ့မနက်ပိုင်း တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားထဲကို ပြုတ်ကျနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

သတင်း

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။