Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ဖလမ်ပင်ရွာရှိပကဖရုံးကိုစစ်​ကောင်စီတပ်စီးနင်းပြီး သုံးရက်ဆက်တိုက်ပွဲများဖြစ်ပြီး​နောက်စစ်တပ်ပြန်ဆုတ်ခွာ

စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ စုစုပေါင်း ရုပ်အလောင်း ၁၆ လောင်းတွေ့ရှိခဲ့ရသည်ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပုလဲ PDFမှ ရဲဘော်များအား တွေ့ရစဉ်)
(ပုလဲ PDFမှ ရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလမ်ပင်ကျေးရွာအတွင်း ပကဖရုံးကိုစီးနင်းတပ်စွဲခဲ့​သောသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးမဟာမိတ်များ သုံးရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြန်လည်ဆုတ်ခွာသွားကြောင်း အဆိုပါမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း (၈)ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ပုလဲမြို့နယ် ဖလမ်ပင်‌ကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံး(ပကဖရုံး)ကို အောက်တိုဘာ ၂၅ရက် ညနေတွင် စစ်​ကောင်စီတပ်က လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ပြီး တပ်စွဲခဲ့သည်။

အဆိုပါ တပ်စွဲသည့်စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းတစ်ကြောင်းကို အောက်တိုဘာ ၂၆ ရက် နေ့လယ်တွင် PDFများက​ စောင့်ကြို တိုက်ခိုက်ခဲ့သည်။

“ဒီကောင်တွေ သုံး‌ကောင်ထွက်လာတာကို ပစ်ကွင်းထဲဝင်လာတဲ့အထိ မပစ်ဘဲလွှတ်ပေးပြီး နောက် ကောင်တွေ မျှားခေါ်တာ။ ‌ထပ်ရောက်လာမှ ပြောက်ကျားအနေနဲ့ စောင့်ပစ်တာ။ ခြောက်ကောင် သေချာပေါက်သေတယ်”ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့လက်အောက်ခံ တပ်ရင်းများက ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပြည်သူများ၏ နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် အောက်တိုဘာ၂၇ရက်တွင် ပုလဲမြို့နယ် အခြေစိုက်ယင်းမာပင်ခရိုင် တပ်ရင်း(၈)၊တပ်ရင်း(၇)၊တပ်ရင်း(၁၂)၊ပုလဲတပ်ရင်း(၈)၊God Of Myaing၊စကားပျောက်ကြားတပ်ဖွဲ့၊ 7 Star၊R 7နှင့်ဒေသခံအဖွဲ့များပူးပေါင်း၍ စစ်ကောင်စီတပ်ကိုထပ်မံ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။

စစ်ကောင်စီက လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ပြီး ညနေ ၄နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ကျေးရွာမှ အပြီးသတ်ဆုတ်ခွာသွားသည်ဟု ပုလဲအခြေစိုက်ယင်းမာပင်ခရိုင်တပ်ရင်း(၈)က ယနေ့(အောက်တိုဘာ၂၉ရက်) သတင်းထုတ်ပြန်သည်။

” မဟာမိတ်အဖွဲ့များနှင့် ပစ်ခတ်မှုများ၊လေ‌ကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီဘက်မှ အကြမ်းဖက်စစ်သားများကို ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင် သွားပါသည်”ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ စုစုပေါင်း ရုပ်အလောင်း ၁၆ လောင်းတွေ့ရှိခဲ့ရသည်ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း အချုပ်သား(၁၀)ဦး၊ပြည်သူ သုံးဦးနှင့် PDF ရဲဘော် သုံးဦး ကျဆုံးခဲ့သည်ဟု ပုလဲအခြေစိုက်ယင်းမာပင်ခရိုင်တပ်ရင်း (၈)က ထုတ်ပြန်ထားသည်။

“ရက်ရက်စက်စက်ကို သတ်သွားတာဗျ။ အကြောင်းမျိုးစုံနဲ့ ထိန်းသိမ်းထားတဲ့ အချုပ်သား ပြည်သူ ဆယ်ယောက်ပါတယ်။ ရွာထဲက သုံးယောက်နဲ့ PDF ရဲဘော် သုံးယောက် အသတ်ခံခဲ့ရတယ်။ပြည်သူ‌ထဲမှာ အမျိုးသမီးတစ်ယောက်ပါတယ်။ PDF ထဲမှာ CDM ရဲတစ်ဦးပါတယ်”ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးစခန်း နေရာများနှင့် အရပ်သားများရှိရာကို လေကြောင်းမှ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်​နေသည်။ထို့ကြောင့် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ် ကာကွယ်ရေး ပညာပေးလုပ်ငန်းများကို ဒေသခံပြည်သူများအတွက် ပြုလုပ်ပေးနေသည်။

You May Also Like

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

သတင်း

ဆိုင်ခန်း တစ်ရာခန့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်များ အစားအသောက်များ အဓိကရောင်းချသည်။

သတင်း

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

KNU နယ်မြေများအနက် တပ်မဟာ(၆)နယ်မြေ၌ လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၉၀ကျော်ပြီဖြစ်ကြောင်း ၊ အဆိုပါအရေအတွက်သည် စစ်ကြောင်း တစ်ကြောင်းစာရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။