Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် မီးပိတ်သပိတ်အပြီး စစ်ကောင်စီတပ် စွဲရာ နေရာနှစ်ခု တိုက်ခိုက်ခံရ

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

(တိုက်ခိုက်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)
(တိုက်ခိုက်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)

▪️စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ် စွဲရာ နေရာနှစ်ခုကို မိုင်တဲလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organizatinon-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ၂၈ ရက်) ည ၈နာရီခွဲ မီးပိတ် သပိတ်အပြီး ခင်ဦးမြို့နယ်၊ စစ်ကောင်စီတပ်စွဲရာ ရွာသစ်ကုန်းရှိ ကတုတ်ကျင်း၊ ဘန်ကာများရှိရာနှင့် အင်းပတ်ကွေ့ရှိ စစ်ကောင်စီတ​ပ် အထိုင်ချ ဘန်ကာနေရာများအား ၂ဆင့်ကွဲ အလုံးရေ ၂၀ကျော် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မီးသပိတ်ပြီးတာနဲ့လုပ်တာ။ အင်းပတ်ကွေ့နဲ့ ရွာသစ် ကုန်းကနီးနီးလေး။ နေ့ခင်းဘက်မှာ ကင်းထောက်ဒရုန်းနဲ့ဝဲပြီး သူတို့သွားတဲ့ နေရာတွေ၊ သူတို့ဝပ်နေကျနေရာတွေ နေ့ခင်းကတည်းက ထောက်ပြီးမှ ညခင်းမှာမီတာတံနဲ့တိုက်ပြီးပစ်တာ။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြို့နယ်(ပကဖ)၊ KDK တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၄၀)မမ၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

You May Also Like

သတင်း

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People's Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဒီကိစ္စမျိုးဟာ စက်ဆုပ်စရာ ကောင်းလွန်းကြောင်း၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအရ ရန်လိုတိုက်ခိုက်မှုတွေ၊ အမုန်းတရားတွေဟာ အမေရိကန်မှာ လုံးဝ မရှိသင့်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

သတင်း

"ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်"ဟု ၎င်းက ပြောသည်။