Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက Non-CDM ဝန်ထမ်းများကိုကျိုက်ထီးရိုးဘုရားမဖြစ်မ​နေသွားဖူးရမည်ရက်ကိုသတ်မှတ်ဖိအား​ပေး

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎ပစ်ခတ်မှုဖြစ်ပွားပြီးခရီးသွားများမသွားတော့၍ စစ်​ကောင်စီကစာရိတ်ငြိမ်းဖြင့်ပြည်သူများကိုစည်းရုံး​နေ

စစ်​ကောင်စီက ကျိုက်ထီးရိုးဘုရားသွားဖူးသူများကို ကားခ၊တည်ခိုခ၊​တောင်တက်ခ၊ စား​သောက်ရန်စသဖြင့် အခမဲ့အားလုံးပေးမည်ဟုစည်းရုံး​နေသလို ၊၎င်းတို့လက်​အောက်ရှိNon-CDM ဝန်ထမ်းများကိုမဖြစ်မနေဘုရားသွားဖူးရမည့် ရက်ကိုစစ်ကောင်စီကသတ်မှတ်လိုက်ကြောင်း ကျိုက်ထိုဒေသခံများ၊ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

အောက်တိုဘာ ၁၂ ရက်၊နံနက် ၁၀နာရီ မိနစ်၄၀တွင်ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကို ​တော်လှန်​ရေးရဲ​ဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့သည်။​တော်လှန်​ရေးရဲ​ဘော်များပြန်သွားပြီးနောက်စစ်​ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ဘုရားဖူးဧည့်သည်အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ် ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

အဆိုပါဖြစ်စဥ်ကြောင့်ဘုရားဖူးဧည်သည့်များမရှိသလောက်နည်းပါးသွားပြီးစစ်ကောင်စီတပ်ကရရှိနေသည့်ဘုရားအလှူငွေ နှင့် ကျိုက် ထီးရိုးဘုရားဖူးလုပ်ငန်းများမှရရှိသည့်အခွန်ငွေများစွာဆုံးရှုံး​နေသည်။

ထိုအ​​ခြေအ​နေတွင် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့်တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက် တို့တွင်ဘုရာဖူးခရီးသည်များ စတင်စည်းကားရန်စစ်ကောင်စီကဖိအား​ပေး​နေခြင်းဖြစ်သည်။

“တောင်တက်ခ၊ ကေဘယ်လ်ခ၊ တည်ခိုးခ အခမဲ့ ။ပြီးတော့ စတုဒိသာပါ ကျွေးမှာဆိုပြီး စခနောက်လိုက်အုပ်ချုပ်ရေးမှူးတွေက မနေ့ကစပြီးရပ်ကွက်ထဲ လိုက်ပြောနေတယ်”ဟု ကျိုက်ထိုမြို့ခံတစ်ဦးက​ပြောသည်။

ထို့အပြင် စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျိုက်ထီးရိုးဘုရားဘုရားဖူး ပြည်သူများ စည်ကားလာစေရန် လုပ်ရမည်ဟု ညွှန်ကြားထားကြောင်းလည်းကျိုက်ထီးရိုးဂေါပကနှင့်နီးစပ်သူကအသိပေးသည်။

(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ကျိုက်ထီးရိုးတောင်ပေါ် ထမင်းဆိုင်တန်းတွင်ဘုရားဖူးဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်ကို​အောက်တိုဘာလ​နောက်ဆုံးပါတ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

“နယ်မြေခံတပ်မ ၄၄ ကလုံခြုံရေးအပြည့်အဝပေးမယ်။ပြီးတော့အခမဲ့အစီအစဥ်တွေကိုအသေးစိတ်ကြေညာဖို့လည်း ရပ်ကျေးအဆင့်ထိရော၊ကျိုက်ထီးရိုး ဘုရားနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းအဆင့်ဆင့်ကို ညွှန်ကြားခိုင်းတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင်နိုဝင်ဘာ၃ ရက်နှင့် ၄ရက်အတွက် ဘုရားရင်ပြင်ရှိတည်းခိုခန်းတိုင်းတွင် စစ်ကောင်စီ၏ Non-CDMဝန်ထမ်းများက ကြိုတင်အခန်းရယူထားကြောင်းလည်း၎င်းကဆက်ပြောသည်။

“ဘုရားကိုယုံကြည်သက်ဝင်တာ ကို လက်ခံတယ်။ဒါပေမယ့် ပစ္စုပန်ကာလကိုကြည့်ပါ။ဘုရားဟောကြားတာတွေကိုလက်တွေ့ အသုံးချပါ။ပြီးတော့ကိုယ့်အသက်ထပ်အရေးကြီးတာမရှိဘူး”ဟုကျိုက်ထိုမြို့ခံတစ်ဦးကပြော သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

You May Also Like

သတင်း

ကချင်ပြည်နယ်မိုး​မောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်ထန်​နေသည်။ ၁၀ ရက်ကြာပြီဖြစ်​သောမိုး​မောက်တိုက်ပွဲတွင် KIA နှင့် PDFများပူး​ပေါင်းတိုက်ခိုက်မှု​ကြောင့် စစ်ကာင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာ​နေသည်။

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

သတင်း

ဆိုင်ခန်း တစ်ရာခန့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်များ အစားအသောက်များ အဓိကရောင်းချသည်။

သတင်း

စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ စုစုပေါင်း ရုပ်အလောင်း ၁၆ လောင်းတွေ့ရှိခဲ့ရသည်ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။