Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဦး င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကို စီးနင်းတိုက်ခိုက်

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။

ငါ့သရောက်ဒေသကနေ နယ်ချဲအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ ပုဂံဗိုလ်ချိုရုပ်ထုကို တွေ့ရစဉ်
ငါ့သရောက်ဒေသကနေ နယ်ချဲအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ ပုဂံဗိုလ်ချိုရုပ်ထုကို တွေ့ရစဉ်

ရဲစခန်းမှူးအပါအဝင် ရဲ ၁၀ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိ

ပုဂံမြို့ကနေ ၁၂ မိုင်ခန့် ကွာဝေးတဲ့ င့ါသရောက်မြို့နယ်ခွဲ ရဲ့ ရဲစခန်းဟာ မနေ့က ညနေပိုင်းက စီးနင်းတိုက်ခိုက်ခံလိုက်ရပြီး ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကာ လက်နက်တွေလည်း ပါသွားတယ်လို ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။

အဲဒီစီးနင်းမှုမှာ ရဲစခန်းမှူးရဲအုပ် အေးကျော် အပါအဝင် ရဲ ၁၀ ဦးနဲ့ ရဲမိသားစုဝင်အမျိုးသမီး ၁ဦးသေဆုံးခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူများကပြောပါတယ်။

လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဘက်မှလည်း တစ်ဦးသေဆုံးတယ်လို့ ဆိုထားပါတယ်။

စခန်းအတွင်းက လက်နက်အချို့ကိုလည်း သိမ်းယူသွားတယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

လတ်တလောအနေနဲ့ ငါ့သရောက်မြို့ထဲမှာ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ရောက်နေပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ငါ့သရောက်မြို့ဟာ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ထဲပါဝင်တဲ့မြို့နယ်ခွဲ အဆင့်ရှိ မြို့ ဖြစ်ပါတယ်။

င့ါသရောက်ဒေသဟာ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်မြို့နယ်နဲ့ တောင်သာမြို့နယ် သုံးမြို့ ဆုံရာ တြိဂံ ဒေသလည်းဖြစ်ပါတယ်။

You May Also Like

သတင်း

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ စုစုပေါင်း ရုပ်အလောင်း ၁၆ လောင်းတွေ့ရှိခဲ့ရသည်ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၁ရက်)နံနက်တွင်လည်း စစ်ကောင်စီတပ်က ရွှေလှံရွာကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ဒေသခံ PDF တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်ဟုဆိုသည်။