Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားများထိခိုက်မှုရှိ

ယမန်နေ့ (အောက်တိုဘာ ၂၉ရက်) နံနက်နှင့်ညတွင် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။

(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှု မြင့်တက်လာပြီး ရှစ်ရက်အတွင်း တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၂၉ရက်) နံနက်နှင့်ညတွင် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။

“မနက်ပိုင်းမှာ ခါနန်ရပ်ကွက်ထဲ ကျတယ်။ ညမှာ မံပုံကျေးရွာထဲ ကျတယ်။ တစ်နေ့တည်း ငါးယောက်ထိတယ်။ အမျိုးသမီးတစ်ယောက်ဒဏ်ရာပြင်းတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်မှစ၍ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲသည် ပိုမိုပြင်းထန် လာခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၆ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ ငါးမိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာလ ၂၉ ရက် အထိ ရှစ်ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ယနေ့(အောက်တိုဘာလ ၃၀ရက်)နံနက်တွင်လည်း မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှရော လက်နက်ကြီးပါ ပစ်ခတ် နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နှင့် မလှမ်းမကမ်းရှိ လုံဂျာတောင်တွင်KIA၊ PDF ပူးပေါင်းတပ် ရှိသည်ဟုဆိုကာ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်။

ထိုအတောအတွင်း စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၌ စစ်ရေးအရှိန်မြှင့်လာနေသည်။ ယနေ့နံနက် ၁ နာရီ ၇မိနစ် ခန့်တွင် KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်၌ စစ်ကောင်စီ တိုက်လေယာဉ်နှစ် စီးပျံသန်းခဲ့သည်ဟု ကချင်တိုင်းရင်းသားများက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ စုစုပေါင်း ရုပ်အလောင်း ၁၆ လောင်းတွေ့ရှိခဲ့ရသည်ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

"ဆောင်ကမ်းလမ်းခွဲမှာ အခုလ ၂၆ ရက် ကတည်းကစဖြစ်တာ။အခု ဒီနေ့ထိလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတာ"ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။