Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် နယူးယောက်တွင် ပြုလုပ်

ထို့အပြင် ယင်းအခမ်းအနား၌ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ဓာတ်ပုံ - GMSR
ဓာတ်ပုံ - GMSR

▪️ယူကရိန်းနှင့် အီရန်နိုင်ငံသားများအပါအဝင် ရာနှင့်ချီ တက်ရာက်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Time Square တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်ကို Global Myanmar Spring Revolution ၏ အစီအစဉ်များအတိုင်း NYCBC အဖွဲ့ မှ ဦးဆောင်၍ ယနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံရောက် မြန်မာများနှင့်အတူ ယူကရိန်းနှင့်အီရန် နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှလည်း လာရောက်ပူးပေါင်း ပါဝင်အင်အားဖြည့်ခဲ့ကြသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်များတွင် လက်ရှိတက်ရောက် ပညာသင်ကြားနေကြသော Generation Z များ တက်ရောက်ကာ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ် နေသော မြန်မာကျောင်းသားများ ပညာသင်ကြားရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အသတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း GMSR က ဖော်ပြခဲ့သည်။

နယူးယောက်ရှိ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများဖြစ်ကြသော Anton and Victor ၊ အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopia ကျောင်းသူ Saba Desta တို့လည်း မြန်မာကျောင်းသားများနှင့် တသားထဲရပ်တည်​ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြောင်း GMSR က ဆိုသည်။

ထို့အပြင် ယင်းအခမ်းအနား၌ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ထို့နောက် လက်ယက်ကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကြွေလွင့်ခဲ့ရသည့် အပြစ်မဲ့ကျောင်သားကလေးငယ် များ အတွက်လည်း ဝမ်းနည်းဆုတောင်းစကားများ၊ ကဗျာရွတ်အစီစဉ်များ ထည့်သွင်းကျင်းပကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နယူးယောက်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ Time Square တွင် ပြုလုပ်ခဲ့သည်။

You May Also Like

ဆောင်းပါး

ဒီတော့ မြန်မာနိုင်ငံကသာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ FATFရဲ့ နာမည်ပျက် စာရင်းထဲ ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဆောင်းပါး

တောင်တရုတ်ပင်လယ်ကို မေးတင်နေပြီး ချမ်းသူကြွယ်ဝသူတွေရဲ့ အပန်းဖြေ ကစားကွင်းလို့ ညွှန်းဆိုခံရတဲ့ ဆန်တိုနာ ကျွန်းပေါ်မှာ ဦးတေဇတို့ မိသားစု ပိုင်ဆိုင်တဲ့ အိမ်ကြီးနှစ်လုံး ရှိပါတယ်။

နိုင်ငံတကာ

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

သတင်း

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။