Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။

င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး
င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက င့ါသရောက် မြို့နယ်ခွဲရဲ့ ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ တောင်သာ ပြောက်ကျားတပ် (TTA) ရဲ့ ဒုခေါင်းဆောင် ကျဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ပြောက်ကျားတပ် ဒုခေါင်းဆောင်ဟာ အသက် ၂၁ နှစ်အရွယ် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းက ပထမနှစ်ကျောင်းသားဖြစ်တယ်လို့သိရပါတယ်။

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။

စီးနင်းတိုက်ခိုက်မှုမှာ ရဲစခန်းမှူး ရဲအုပ် အေးကျော် အပါအဝင် ရဲ ၁၀ ဦးကျော်သေဆုံးသလို လက်နက်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

စခန်းအတွင်းကနေ တိုက်ပွဲဝင် သေနတ် ၅ လက် နဲ့ ခြောက်လုံးပြူး ၁ လက်ကို သိမ်းဆည်းရမိခဲ့တာပါ။

You May Also Like

သတင်း

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။

သတင်း

ရဲဘော်နှစ်ဦး လွတ်လပ်စွာဘဝကူးနိုင်စေရန် တပ်ဖွဲ့နှင့်မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းကိုလည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။

သတင်း

အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကိုကျန်ရစ်သောရဲဘော်များကဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။