Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်ရှိ ရွာလေးရွာကို စစ်ကောင်စီတပ်က တစ်ရက်တည်းမီးရှို့ရာ အိမ်ခြေ ၂၃၀ကျော် မီးလောင် ပျက်စီး

ကျေးရွာများကို မီးလာရှို့သည် စစ်ကြောင်းသည် အင်အား ၈၀ ကျော်ပါဝင်ပြီး ရေစကြိုမြို့နယ် အခြေစိုက် ခလရ(၂၅၆)၊ ခလရ(၂၅၇)နှင့် ခလရ (၂၅၈)တပ်ရင်းများမှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - U Waiyan Naing/FB
စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - U Waiyan Naing/FB

▪️ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြရန် မြို့နယ် (ပကဖ)တာဝန်ခံ တိုက်တွန်း

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျေးရွာလေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူလူထုနေအိမ် ၂၃၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) တာဝန်ခံ ရဲဘော် ဝေကြီးက အသိပေးထားသည်။

စစ်ကောင်စီတပ်က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)နံနက်ပိုင်းမှ ကျေးရွာများကို မီးရှို့ခဲ့ရာ ရေစကြိုမြို့နယ် မြေမလှရွာမှ အိမ် ၅၃လုံး၊ စိုင် သေရွာမှအိမ် ၄၂လုံး၊ သံပြာချောင်းရွာမှအိမ် ၇၅ လုံး၊ ခံစပ်တောရွာမှ အိမ် ၆၃လုံး စုစုပေါင်း နေအိမ် ၂၃၃လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ၎င်းကဆိုသည်။

“သူတို့ မနက်အစောကြီး ထွက်လာပြီး တန်းပြီးတော့ကို မီးရှို့တာ။ တိုက်ပွဲကို မဖြစ်လိုက်ဘူး။ တိုက်ပွဲက သူတို့ စိုင်သေနဲ့ သံပြာချောင်းကို မီးရှို့ပြီး ထွက်လာတဲ့အချိန် တိုက်ပွဲဖြစ်တာပေါ့။ ဖြစ်ပြီးတော့ မြေမလှရွာကိုရှို့၊ ရှို့ပြီးတော့ ညကျတော့ ခံစပ်တောကိုဝင် ၊ ခံစပ်တောကိုရှို့ပြီး ပြန်ထွက်သွားတာ”ဟု ရဲဘော်ဝေကြီးက ပြောသည်။

ကျေးရွာများကို မီးလာရှို့သည် စစ်ကြောင်းသည် အင်အား ၈၀ ကျော်ပါဝင်ပြီး ရေစကြိုမြို့နယ် အခြေစိုက် ခလရ(၂၅၆)၊ ခလရ(၂၅၇)နှင့် ခလရ (၂၅၈)တပ်ရင်းများမှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မီးဘေးသင့် ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြပါရန် ရဲဘော်ဝေကြီးက ပြည်သူလူထုများအား မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်။

You May Also Like

သတင်း

"ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ"ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ်မိုး​မောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်ထန်​နေသည်။ ၁၀ ရက်ကြာပြီဖြစ်​သောမိုး​မောက်တိုက်ပွဲတွင် KIA နှင့် PDFများပူး​ပေါင်းတိုက်ခိုက်မှု​ကြောင့် စစ်ကာင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာ​နေသည်။

သတင်း

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People's Spring နှင့်​သီးသန့်အင်တာဗျူးတွင် ပြည်သူများ​တော်လှန်​​ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။