Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့သာစက်မှုဇုန်ရှိ KTV၌ အနားယူနေသောရဲများအား ဝင်ရောက်တိုက်ခိုက်ရာဒုရဲအုပ်အပါအဝင် ၉ ဦးခန့်သေဟုဆို

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(စစ်အာဏာသိမ်းမှုကို ၂၀၂၁ ​မတ်လတွင်ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများအား အကြမ်းဖက်ဖြိုခွင်း၍ ကြိမ်း​မောင်း​နေ​သောရဲတပ်ဖွဲ့များ)
(စစ်အာဏာသိမ်းမှုကို ၂၀၂၁ ​မတ်လတွင်ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများအား အကြမ်းဖက်ဖြိုခွင်း၍ ကြိမ်း​မောင်း​နေ​သောရဲတပ်ဖွဲ့များ)

“ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်” မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးရှိ KTVသို့ လာရောက်အပန်းဖြေနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲ၉ဦးခန့်သေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) ညနေ ၅ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တစ်နေရာ၌ ဖွင့်လှစ်ထားသော “ဝါဆိုဦး”KTV တွင် စစ်ကောင်စီအုပ်စုဝင်များ လာရောက်ဝိုင်းဖွဲ့စားသောက်နေချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း၎င်းက​ပြောသည်။ KTV ဝန်ထမ်းများကို အထိအခိုက်မရှိအောင်ဆောင်ရွက်ခဲ့ပြီး ငါန်းမြာကြီး ဒုရဲအုပ်ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“ဝန်ထမ်းတွေနဲ့ အမျိုးသမီးမိန်းကလေးတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းပြီး သူတို့ရောက်လာချိန်မှာ သံပုရာသီးတစ်လုံး လျက်စား နှစ်ပုလင်း စကျွေးလိုက်တယ်။သူတို့ ဖရိုဖရဲဖြစ်ချိန်မှာပဲ မဟာမိတ်အဖွဲ့တွေက အသင့်ပါလာတဲ့ လက်နက်နဲ့ ဆော်ထည့်လိုက်တာ။ အားရချက်ပဲ။ ဖြစ်စဉ်ကတော့ ရှင်းပါတယ်။ ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်။”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

TGYR ရဲဘော်နှင့် မဟာမိတ် ရဲဘော်တစ်ဦး မစိုးရိမ်ရ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုတွင် လက်နက်များရရှိခဲ့ခြင်းမရှိဟုလည်း ၎င်းကဆက်​ပြောသည်။

ထိုစစ်ဆင်ရေးကိုTGYR-Youth Guerrilla CounterRevolution(LPDF)၊Myit Nge People Defence Force-MN PDF၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးသည်။

“ဒီကနေပဲ မဟာမိတ်များကိုယ်စား သတင်းစကားပါးပါရစေ။ နောက်နောက်လည်း စခ၊ ရခ ဒလန် ပျူများသတိထားနေကြပါ။ မင်းတို့အတွက် ငရဲပဲ ရှိတယ်”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သတင်းစကားပါးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုများ ပို၍ပြုလုပ်နိုင်စေရန် ပိုကူပိုလှူပေးကြရန် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံသည်။

You May Also Like

နိုင်ငံတကာ

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

ဗီဒီယို

ကနဦးမှာတော့ နိုက်ကလပ် တစ်ခုမှာ အဆိပ်မိရာက လူတွေ သေကုန်တယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာပေမယ့် ရဲတွေကတော့ လူအရမ်းများလို့ ပိမိကြ၊ အသက်ရှူကျပ်ကြပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ ၃၀ရက်)နံနက် ၂နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း စခန်းမှူးအိပ်ဆောင် တွင်းသို့ ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အသေအပျောက် ပမာဏကို အတိအကျ အတည်မပြနိုင်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ သေဆုံးသွားသူ အတော်များများရဲ့ ရုပ်အလောင်းတွေကို တန်းစီချထားပြီး လိုက်လံ ဖုံးကွယ်နေတာကို တွေ့ရပါတယ်။