Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိပြီး လူခုနစ်ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

“အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိပြီး ခရီးသည်ခုနစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း လူမှုကယ် ဆယ်ရေးအဖွဲ့များက ပြောသည်။

ခရီးသည်များတင်ဆောင်လာသော အန်စာတုံးယာဉ်နှစ်စီးသည် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၃၀ရက်)ညနေ ၃နာရီ ၄၀မိနစ်ခန့်က တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ – CJ

“အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာသည် ယာဉ်တိုက်မှုမကြာခဏဖြစ်တက်သည့်နေရာ ဖြစ်သည်။

အောက်တိုဘာ ၅ရက်ကလည်း မော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ယာဉ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး လူအချို့သေဆုံးဒဏ် ရာရခဲ့သည်။

You May Also Like

သတင်း

ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

သတင်း

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တစ်ရက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅က ဖြင့် တရားစွဲဆိုခံခဲ့ရသည်။