Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်ရှိ လောင်းကစားဝိုင်းများအား ဖမ်းဆီးမည်ဟု မဟာမိတ်ညီနောင်များအဖွဲ့ သတိပေး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့နယ်ရှိ လောင်းကစားဝိုင်းများအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် စီးနင်းကာ ပြစ်ဒဏ်ပေးခဲ့သေးသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီအား ဆပ်ကြေးပေးဖွင့်နေသည့် လောင်းကစားဝိုင်းများအား ဖမ်းဆီးစစ်ဆေးအရေးယူမည်ဟု ခရိုင်အတွင်းရှိ ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့က သတိပေးကြေညာသည်။

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများတွင် ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများ(ပုံဝိုင်း၊ ဖဲဝိုင်း၊ ကြက်ပွဲ စသည့်လောင်းကစားများ အပါအဝင်) လုံးဝမပြုလုပ်ရန်၊ လောင်းကစားဝိုင်းများသည် စစ်ကောင်စီတပ်ကို ဆက်ကြေးပေး ပေါ်ပေါ်တင်တင် ပြုလုပ်နေသောကြောင့် အရေးယူတော့မည်ဟု ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လောင်းကစားဝိုင်းတွေအနေနဲ့ကတော့ ယခုလိုခက်ခဲနေတဲ့ကာလမှာ ပြည်သူတွေဒီထက်ပိုဒုက္ခမရောက်စေချင်လို့ပါဗျ။လောင်းကစားသမားတစ်ယောက်ကြောင့် တစ်မိသားစုလုံးဒုက္ခရောက်စေနိုင်ပါတယ်။ ကျွန်တော်တို့နယ်မြေမှာသောင်းကျန်းနေတဲ့လောင်းကစားဝိုင်းတွေက ပုံဝိုင်း၊ကြက်ဝိုင်း၊ဖဲဝိုင်း ဒါမျိုးတွေများပါတယ်ဗျ။ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို သွေးစွန်းငွေတွေမပေးမိကြဖို့ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာကြဖို့ အသိပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အလားတူ စစ်ကောင်စီတပ်ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် တားမြစ်ထားသည်။ ထိုသို့ တားဆီးရခြင်းမှာ ပြည်သူအားသတ်မည့်ကျည်ဆံဖိုးများ စစ်ကောင်စီထံ မရောက်စေရန်ဖြစ်ကြောင်း၊ ယခင်ကလည်း တားမြစ်ခဲ့ပြီး ယခုအရေးယူတော့မည်ဖြစ်၍ အတိအလင်းသတိပေးကြေညာခြင်းဖြစ်ကြောင်း ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့နယ်ရှိ လောင်းကစားဝိုင်းများအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် စီးနင်းကာ ပြစ်ဒဏ်ပေးခဲ့သေးသည်။

You May Also Like

သတင်း

IUFအဖွဲ့၏ ရဲဘော် ၁၀ဦးကို ယခုလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက တယ်လီဂရမ်ချန်နယ်တွင် ယမန်နေ့ကစတင် ဖြန့်ဝေသည်။

သတင်း

"ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် "ဟု ၎င်းက ဆိုသည်။

သတင်း

လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။

သတင်း

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။