Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီအကူအကူး‌ပြောင်းကြောင့် ဖျားနာမှုဖြစ်၊ ဆောင်းဝင်လာ၍ စောင်နှင့်အနွေးထည်များလိုအပ်နေ

စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီဥတုအကူးအပြောင်း၌ ဖျားနာမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ခင်ဦးမြို့နယ်တွင် အမြဲတမ်း စစ်ဘေးရှောင် ကျေးရွာ (၁၅) ရွာခန့်ရှိပြီး လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီဥတု အနည်းငယ်အေးလာ၍ စစ်ဘေးရှောင်အချို့ ဖျားနာကိုက်ခဲမှုဝေဒနာများ ခံစားနေရကြောင်း ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

“ဆောင်းဝင်တော့မှာဖြစ်လို့ အနွေးထည် ၊ စောင်များ လိုအပ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုးတွေ ရှိပါတယ်။”ဟု KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ အောက်တိုဘာ၂၄ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်(၆၁၂,၄၀၀)ရှိနေပြီး တစ်နိုင်ငံလုံး၌ အများဆုံးနေရပ်စွန့်ခွာမှုဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

သတင်း

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။