Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်
အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ရွာသာယာကျေးရွာတွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သင်တန်းဆင်းဖြစ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်သွားကြောင်း Indaw Revolutionက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းက အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသာယာရွာရှိ လူငယ်တစ်ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ရွသာယာရွာမှ အထွက်တွင်လည်း လူငယ်တစ်သီးအား ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဖော်ပြထားသည်။

“အခု အဲဒီ ကလေးက ပကဖသင်တန်းဆင်းပေါ့။ အဲဒီ ကျေးရွာစစ်ကြောင်းဝင်လာတဲ့အခါ စစ်ကြောင်းနဲ့ တိုးပြီး သူ့ကိုစစ်လိုက်တာ။ သူ့ဖုန်းထဲမှာ သင်တန်းဆင်းထားတဲ့ ပုံတွေတွေ့တယ်လို့ပြောတယ်။ တွေ့တော့ ရိုက်စစ်တာပေါ့။ ရိုက်စစ်ပြီး ညမှာ ရွာသာယာရဲ့ ကားလမ်းဘေးမှာ ပစ်ထားလိုက်တာ။ မနက်ရောက်တော့ ရွာသားတွေ သွားကြည့်တော့အသက်ကမရှိတော့ဘူး” ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

နောက်ထပ် ဖမ်းဆီးသွားသည့် လူငယ်တစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“‌ွေးတွေ စစ်ကြောင်းလာလို့ရှိရင် ပြည်သူတွေ ဂရုစိုက်ကြဖို့ပေါ့ နောက်ပြီး သူတို့ စစ်ကြောင်းလာရင် ရှောင်တိမ်းကြဖို့ သတင်းနားစွန့်ဖို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။

သတင်း

လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။

သတင်း

"ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် "ဟု ၎င်းက ဆိုသည်။

သတင်း

ဒဏ်ရာပြင်းထန်သူများ ထပ်မံသေဆုံး၊ အလောင်းသယ်ခွင့်မပေး၊ အရိုးအိုးသယ်ခွင့်မရဟု​ဒေသခံများ​ပြော ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ရာ ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့်ပြုသည့်အပြင် မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အရေးယူမည်ဟု စစ်ကောင်စီတပ်က ပြောဆိုကြောင်း ကချင်ဒေသခံက ပြောသည်။ အနန့်ပါဒေသ၌...