Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ‌ပေါင်းတည်မြို့နယ်ရှိ အုပ်ကြီးရုံးတစ်ရုံးကို တိုက်ခိုက်

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'
'နန်းထိုက်အောင်စစ်ဆင်ရေး'

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ‌ပေါင်းတည်မြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့သည်။

ပေါင်းတည်မြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အောက်တိုဘာ ၃၀ရက် ည ၈ နာရီ ၄၀မိနစ်ခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၅) နွေဦးအဖွဲ့က ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ဆေးရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ဆိုင်ကယ်(၄)စီးနှင့် ကား တစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Bago Region PDF)က ယနေ့( အောက်တိုဘာလ ၃၁ရက်) သတင်းထုတ်ပြန်သည်။

“နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ချတာ။ စစ်ကောင်စီဘက်က ထိသွားပေမယ့် ဒီမနက်အထိတော့ အတိအကျ သတင်းမရသေးဘူး”ဟု ပေါင်းတည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အောက်တိုဘာ ၂၇ရက်ကလည်း ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDFက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

Bago Region PDFသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

IUFအဖွဲ့၏ ရဲဘော် ၁၀ဦးကို ယခုလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက တယ်လီဂရမ်ချန်နယ်တွင် ယမန်နေ့ကစတင် ဖြန့်ဝေသည်။

သတင်း

စစ်ကောင်စီခြေကုပ်စခန်းကို ယခုလ ၂၇ရက် နံနက်ပိုင်းက ကရင်နီတပ်မတော်(KA)နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople's Spring ကသီးခြားအတည်မပြုနိုင်ပါ။