Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်းနည်းနာများ NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ အရပ်သားပြည်သူများ သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ယင်းမာပင်နယ် ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်​ကောင်စီတပ်က ယင်းမာပင်နယ် ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး၊ ဓာတ်ပုံ - CJ)

လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကာကွယ်နေထိုင်ခြင်းနည်းနာများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားပြီး အနီးဆုံးအကာအကွယ်ကို ရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန် ၊ နေအိမ်အတွင်းရှိနေပါက ကြိုပြင်ထားသည့် အခန်းတွင် ဝင်နေရန်၊ အကာအကွယ်မရှိသည့်နေရာ(ကွင်းပြင်)တွင ရှိနေပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဝါး(သို့မဟုတ်) အင်္ကျီဖြင့် အုပ်ရန်၊ ပေါက်ကွဲမှုကြောင့် နားစည်ကို မထိခိုက်စေရရေး နားကိုလုံအောင်ပိတ်ထားရန်၊ လွှင့်စင်သည့် အစအနများ မျက်လုံးသို့ မဝင်စေရေးမျက်စိကို မှိတ်ထားရန်အကြံပြုထားသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ အရပ်သားပြည်သူများ သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စက်လက်၊ စက်အမြောက်များဖြင့် ပစ်ခတ်ခြင်း စသည့် ပုံစံများရှိရာ စစ်ကောင်စီတပ်က အဆိုပါပုံစံမျိုးစုံဖြင့် ပြည်သူလူထုကို တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မိမိအရပ်ဒေသ၌ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားရန်၊ နေအိမ်နှင့်မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ထားရန်၊ လေကြောင်းအန္တရာယ် ပြီးဆုံးချိန်တွင် ကယ်ဆယ်ရေး နှင့် အခြေခံအဟာရ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေး စီမံထားရန် ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ၌ ရပ်ရွာအတွင်းလူဦးရေအလိုက် ပုန်းခိုနိုင်သည့် ဗုံးခိုကျင်းပများ၊ ကတုတ်ကျင်းများ ကြိုတင်ဆောက်လုပ်ထားရန်၊ အရေးပေါ် အခြေအနေ ဖြစ်လာပါက အသင့်ဖြစ်စေရန် ရပ်ရွာအတွင်း အသိပညာပေးခြင်း နှိုးဆော်ခြင်းများ ပြုလုပ်ထားရန်လိုအပ်သည်ဟုဆိုသည်။

နေအိမ်အတွင်း ပုန်းခိုရန် အတွက် အလုံခြုံဆုံးအခန်းကိ ကြိုတင်ရွေးချယ်ပြင်ဆင်ထားရန်၊ လုံခြု့သည့် အခန်းမရှိပါက ခိုင်ခံ့သည့် စားပွဲ တစ်လုံးပေါ်တွင် စောင်များ၊ မွှေ့ယာများ၊ စာအုပ်များဖြင့် ဖုံးအုပ်၍ အရေးပေါ် ပုန်းခိုရန် နေရာ ပြုလုပ်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ကွဲရှနိုင်သည့် မှန်ပြတင်းပေါက်များ၊ မှန်များသည် ပေါက်ကွဲမှု ဖြစ်ချိန်တွင် အန္တရာယ်အပေးနိုင်ဆုံးဖြစ်ကြောင်း အသိပေးထားသည်။

နေအိမ်အတွင်းသောက်ရေ၊ ရိက္ခာခြောက်နှင့် သောက်လေ့ရှိသည့် ဆေးဝါးများ စုဆောင်းပြင်ဆင်ထားရန်နှင့် အရေးပေါ် အခြေအနေတွင်လိုအပ်သော မီးခြစ်၊ ဖယောင်းတိုင်၊ ဓာတ်မီး၊ မိုးကာ စသည့်အရေးပေါ် အသုံးအဆောင်များ ကြိုပြင်ထားရန် တိုက်တွန်းထားသည်။

လေကြောင်းတိုက်ခိုက်မှုပြီးဆုံးချိန်၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ အရေးပေါ် ဆေးကုသရေးလုပ်ငန်းများ ပြုလုပ်ရန် အချက်များလည်း ဖော်ပြထားသည်။

You May Also Like

သတင်း

NUG သည် အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ်ကြောင်း အာဆီယံကို တိုက်တွန်းသည်။

သတင်း

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လူထု အထိအခိုက်နည်းအောင် အသိပညာပေးတာ လုပ်ရတာလို့ ပါဝင်ဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

သတင်း

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။