Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ် − မန္တလေး ကားလမ်းပေါ်က နွယ်ရုံရွာ ရဲစခန်းတိုက်ခံလို့ စစ်ကောင်စီ ရဟတ်ယာဉ်နဲ့ပစ်ခတ်

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာ ရဲစခန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဒေသခံ PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံများကပြောပါတယ်။

မိုးကုတ် – မန္တလေးကားလမ်းပေါ်ရှိ နွယ်ရုံရွာ ရဲစခန်းကို ဒီနေ့နေ့လယ်ပိုင်း ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ရဲစခန်းဝင်ရောက် စီးနင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲအချို့ ရှိတယ်လို့ ဒေသခံများကပြောပါတယ်။

” အခုညနေ၄နာရီခွဲထိကို စစ်တပ်က ရဟတ်ယာဉ်၂စီးနဲ့ပစ်နေတာ သုံးကြိမ်ရှိနေပြီ၊ အသံကိုနီးနီးကပ်ကပ်ကြားနေတယ်”လို့ နွယ်ရုံရဲစခန်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာ၂၉ရက်အထိ ရှစ်ရက်အတွင်း အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

သတင်း

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပြီး အဖမ်းဆီးခံရသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး၏ နောက်ဆက်တွဲအခြေအနေအား မသိရသေးကြောင်း ဖော်ပြထားသည်။

သတင်း

ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပူးတွဲဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့မှာ ဦးရွှေမင်းဦးဆောင်သည့် ဒူးလေပါတီ၏ ပြည်သူ့စစ်ဖြစ်ကြောင်း ဒေသခံက ပြောသည်။