Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသကာကွယ်ရေးတပ်မှ အဖွဲ့ဝင်နှစ်ဦးက အိမ်နှင့်လယ်ပေါင်ပြီး ရန်ပုံငွေ ချေးယူထား၍ ပြန်ဆပ်ရန် လိုအပ်သည့်ငွေကြေး ကူညီပေးကြရန် အကူအညီတောင်းခံ

အောက်တိုဘာ ၁၃ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ယခု နိုဝင်ဘာ ၁၁ရက်တွင် တစ်လပြည့်မည်ဖြစ်သည်။ ယခုအခါ ယင်းချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိနေသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်း(၁) တပ်ရင်းမှုး ဗိုလ်နှုတ်ခမ်းမွှေးကပြောသည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ တပ်ဖွဲ့ဝင်နှစ် ဦးက ၎င်းတို့ပိုင် အိမ်နှင့်လယ်ကို ပေါင်ကာ တပ်ဖွဲ့အတွက် ရန်ပုံငွေချေးယူခဲ့ပြီး ယခုအခါပြန်ဆပ်ရန် ငွေကြေးလိုအပ် လာ၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် အကူအညီတောင်းခံ သည်။

The Youth Force (Saw&Kyaukhtu) တပ်ရင်း (၁)မဗ တပ်ရင်းမှုးနှင့် ဒုတပ်ရင်းမှူးက ဒေသခံတစ်ဦးထံမှ ကျပ်သိန်း ၈၀ကို ချေးယူခဲ့ပြီး တစ်လအတွင်း ပြန်မဆပ်နိုင်ပါက ၎င်းတို့၏ အိမ်နှင့်လယ် ကို ပေးအပ်မည်ဟု စာချုပ်ချုပ်ဆိုထားခြင်းဖြစ် သည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

အောက်တိုဘာ ၁၃ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ယခု နိုဝင်ဘာ ၁၁ရက်တွင် တစ်လပြည့်မည်ဖြစ်သည်။ ယခုအခါ ယင်းချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိနေသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်း(၁) တပ်ရင်းမှုး ဗိုလ်နှုတ်ခမ်းမွှေးကပြောသည်။

“ကျွန်တော်က ကျွန်တော့်အိမ်ပေါင်တယ်။ ဒုတပ် ရင်းမှူးက သူလယ်ဂရန်ကိုပေါင်တယ်။ တပ်ဖွဲ့အတွက် တကယ်လိုလို့ လုပ်သင့်တာ လုပ်ခဲ့ကြတာပါ။ ချေးပေးသူကလည်း ပြည်သူထဲက ပြည်သူပဲ။ ပြန်ဆပ်ဖို့လိုအပ်လာလို့ ပြည်သူတွေအားနဲ့ ကူညီပေးစေချင်ပါတယ်ဗျ”ဟု ဗိုလ်နှုတ်ခမ်းမွှေးက ပြောသည်။

ချေးယူခဲ့သည့် ကျပ်သိန်း ၈၀အနက်မှ စစ်ကောင် စီတိုက်ခိုက်ရေး မစ်ရှင်များအတွက် ဆိုင်ကယ်အဟောင်း ၂၄သိန်းဖိုးဝယ်ခဲ့ပြီး တပ်ဖွဲ့အတွက် စက်သုံးဆီ ၂၁သိန်းကျော် ၊ ကျန်ငွေကို ကျည်ဆန် များဝယ်ယူခဲ့သည်ဟု ဗိုလ်နှုတ်ခမ်းမွှေးက ရှင်းပြသည်။

ငွေထုတ်ချေးသူကလည်း အကျိုးအမြတ်ယူ၍ ချေးခြင်းမဟုတ်ဘဲ ပြည်သူတစ်ဦးအနေဖြင့် ကူညီခြင်းဟု ဆိုသည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

“ကျွန်တော်တို့ အလဟသ မသုံးခဲ့ပါဘူး။ အခြားအခက်အခဲတွေလည်း ရှိနေတော့ အချိန်မီပြန်မဆပ်နိုင်မှာစိုးလို့ ပြည်သူ့ဆီ အကူအညီတောင်းတာပါ။ကျွန်တော်တို့မှာ အားကိုးအားထားစရာ ပြည်သူတွေပဲ ရှိပါတယ်”ဟု The Youth Force (Saw&Kyaukhtu)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ တပ်ရင်းတပ်ဖွဲ့အဖြစ် လျှောက်ထားဆဲဖြစ်သောThe Youth Force (Saw&Kyaukhtu)သည် ယောဒေသ စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေးတွင် နာမည်ကြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။

လိုအပ်သော ငွေကြေးကို ထောက်ပံ့ပေးမည့် ပြည်သူများအနေဖြင့် The Youth Force (Saw&Kyaukhtu)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/TheYouthForce 2022 သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

You May Also Like

သတင်း

လက်နက်အင်အားမမျှ၍ စခန်းတစ်ခု မီးရှို့ဖျက် ဆီးခံလိုက်ရကြောင်း မကွေးတိုင်း၊ ယောဒေသအခြေစိုက်The Youth Force (Saw&Kyaukhtu) က ယနေ့(စက်တင်ဘာ ၁၁ ရက်).ထုတ်ပြန် သည်။ ယမန်နေ့(စက်တင်ဘာ ၁၀ ရက်)က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၇၇)မှ အင်အား ၉၀ပါအဖွဲ့သည် စစ်ကြောင်းထိုး၍...

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NLGRF က ယနေ့ ဇွန်လ ၂၂ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြစ်သာတမံ ဝန်းကျင်တွင်လည်းကောင်း၊ ဆောမြို့နယ် ကျောက်ထုဘက်တွင်လည်းကောင်း ရဟတ်ယဥ်များ အတက်အဆင်းပြုလုပ်၍ စစ်အင်အားတိုးချဲ့လျက်ရှိသည်။