Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ရှိ Night Clubများ တန်ဆောင်မုန်းလပြည့်အထိ ပွဲများမပြုလုပ်ရန် ‌ပြောက်ကျားအဖွဲ့များ သတိပေး

Night Club များကို နောက်ဆုံးအကြိမ်အနေဖြင့် သတိပေးခြင်းဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက နောင်တရမည်ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

မန္တလေးမြို့ရှိ Night Clubများ တန်ဆောင်မုန်းလပြည့်အထိ ပွဲများမပြုလုပ်ရန် ‌ပြောက်ကျားအဖွဲ့များ သတိပေး
မန္တလေးမြို့ရှိ Night Clubများ တန်ဆောင်မုန်းလပြည့်အထိ ပွဲများမပြုလုပ်ရန် ‌ပြောက်ကျားအဖွဲ့များ သတိပေး

အကြမ်းဖက်စစ်ကောင်စီအလိုကျ ပါတီပွဲပြုလုပ်နေသည့် မန္တလေးမြို့ရှိ Night Club များအနေဖြင့် တန်ဆောင်မုန်းလပြည့်အထိ ပွဲများမပြုလုပ်ရန် Anonymous Force MDY နှင့် မဟာမိတ်များက နိုဝင်ဘာ ၁ရက်တွင် သတိပေးလိုက်သည်။

မန္တလေးမြို့ရှိ Zeus ၊ Pioneer ၊ Bar in Bar စသည့် Night Club များသည် ပွဲများကျင်းပနေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲနိုင်ရန် စစ်ကောင်စီကို ထောက်ပံ့ကြေးပေးဆောင်နေသော ကြောင့် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း Anonymous Force MDY ၏ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောသည်။

“တခြားဝန်ထမ်းတွေရဲ့စားဝတ်နေရေးအခြေနေအရ အဲဒါထက်ပိုပြီးတားမြစ်ဖို့ အဆင်မပြေလို့ပါ”ဟု တန်ဆောင်မုန်းလပြည့် ‌(နိုဝင်ဘာ ၇ ရက်)အထိသာ တားမြစ်ရသည့်အကြောင်းကို ၎င်းကပြောသည်။

Night Club များကို နောက်ဆုံးအကြိမ်အနေဖြင့် သတိပေးခြင်းဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက နောင်တရမည်ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

“သတိပေးစကားထက် သတ်မှတ်ထားတဲ့ရက်အတွင်းမှာပူးပေါင်းပေးဖို့ပါပဲ။ မပူးပေါင်းဘဲ စကစအလိုကျဆက်လုပ်နေရင် တာဝန်ရှိသူတွေ ပြန်ပြီးခံရလိမ့်မယ်ဗျ” ဟု ၎င်းက ပြောသည်။

Anonymous Force MDY အနေဖြင့် အောက်တိုဘာ ၃၁ ရက်က မဟာမိတ်အဖွဲ့များနှင့်အတူ ၅၃လမ်း၊ ၁၂၃ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူရုံးကို တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

သတင်း

မြောက်ပြင်ရပ် ၁၂လမ်း နဲ့ ၈၆လမ်းထောင့်မှာ ကင်းလှည့်လာတဲ့ စစ်ကား ၂ စီး ၊ ရဲကား ၁ စီးတို့ကို ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့အဲဒီအဖွဲ့ကဆိုပါတယ်။

သတင်း

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။