စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF South Monywaကအသိပေးကြေညာသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ – ချောင်းဦး လမ်းပိုင်းအား ကျန်းမာရေးကိစ္စနှင့် (သေရေး ရှင်ရေး) အရေးကြီးကိစ္စမှအပ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် PDF South Monywaက မေတ္တာရပ်ခံသည်။
လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာမည်ဆိုပါက သွားလာသူများ၏ လုံခြုံရေးကို အာမမခံကြောင်း၊ ထိခိုက်မှုရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း PDF South Monywaက သတိပေးသည်။
PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။