Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ
ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ သံဃသမဂ္ဂ ( မန္တလေး) ရဲ့ ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးကလျာဏ ဟာ စစ်ရေးကြောမှာအပြင်းအထန် နှိပ်စက်ခံနေရတယ်လို့ သတင်းထွက်လာပါတယ်။

စစ်ကြောရေးမှာ ဦးဇင်း ဦးကလျာဏ ကို ခြေကျင်းခတ်ကာ နှိပ်စက်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဦးဇင်း ဦးကလျာဏဟာ ငယ်ဖြူ စာချဆရာတော်ဖြစ်ကာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ စစ်အုပ်စု လက်ထဲမှာ တစုံတရာဖြစ်ရင် စစ်အုပ်စုတာဝန်ခံရမယ်လို့သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

ကျန်တဲ့ လူငယ် ၄ ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

You May Also Like

သတင်း

Night Club များကို နောက်ဆုံးအကြိမ်အနေဖြင့် သတိပေးခြင်းဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက နောင်တရမည်ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

သတင်း

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

သတင်း

မြောက်ပြင်ရပ် ၁၂လမ်း နဲ့ ၈၆လမ်းထောင့်မှာ ကင်းလှည့်လာတဲ့ စစ်ကား ၂ စီး ၊ ရဲကား ၁ စီးတို့ကို ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့အဲဒီအဖွဲ့ကဆိုပါတယ်။

သတင်း

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။