Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDF ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ CDMဆရာဝန် ၁ဦး နဲ့ သူနာပြု ၄ ဦး ဖမ်းဆီးခံရ

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထုတ်ပြန်ချက် ဓာတ်ပုံ
စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထုတ်ပြန်ချက် ဓာတ်ပုံ

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက် နဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဆရာဝန်ဒေါက်တာမင်းဇော်ဦးအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၅ ဦးကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း ပုလဲ − ဂန့်ဂေါ လမ်းမှာ ၆ ဘီးကား ကို စစ်အုပ်စုက ဖမ်းဆီးရာမှာ ကားပေါ်မှာ မေ့ဆေးစက် အပါအဝင် ဆေးဝါးတွေ မိတာနဲ့ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာလို့စစ်အုပ်စုက သတင်းထုတ်ထားပါတယ်။

ယာဉ်မောင်းအပြင် ကားဂိတ်က ဂိတ်မှူး ၊ဂိတ်စာရေးကိုပါ စစ်အုပ်စုက တပါတည်းဖမ်းဆီးခဲ့ပါတယ်။

ဖမ်းခံလိုက်ရတဲ့ CDM ဆရာဝန်နဲ့ သူနာပြုတွေဟာ စစ်ကိုင်းတိုင်း ၊ထီးလင်းက PDF တွေကို ထောက်ပံ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံးဆန့်ကျင်တဲ့ CDMကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်နေတာပဲဖြစ်ပါတယ်။

You May Also Like

သတင်း

“အသက် အန္တရာယ် စိုးရိမ်ရတယ်။ သေပြီလို့ ကြားနေပေမယ့် အခုထက်ထိ အတည်မပြုနိုင်သေးဘူး” အင်းတော် PDF ရဲဘော်က ပြောသည်။

သတင်း

အဲဒီ တိုက်ခိုက်မှုတွေကို တော်လှန်ရေးမဟာမိတ်ညီနောင်တွေနဲ့ အတူ ပူးတွဲဆောင်ရွက်ခဲ့တာလို့ မြစ်ငယ် PDF ကဆိုပါတယ်။

သတင်း

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

IUFအဖွဲ့၏ ရဲဘော် ၁၀ဦးကို ယခုလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက တယ်လီဂရမ်ချန်နယ်တွင် ယမန်နေ့ကစတင် ဖြန့်ဝေသည်။