Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

S.R.Fကပျူ​​စောထီးစခန်းကိုဝင်တိုက် စစ်သားနှင့်ပျူ ၅ဦးထက်မနည်း​သေပြီး​သေနတ် ၃ လက်ရဟု​ပြော

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများထံမှ သိမ်းဆည်းရရှိ​သော ​သေနတ် ၃ လက် ။ဓါတ်ပုံ-S.R.F)
(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများထံမှ သိမ်းဆည်းရရှိ​သော ​သေနတ် ၃ လက် ။ဓါတ်ပုံ-S.R.F)

မင်းကင်းမြို့ အ​​နောက်​မြောက်ဘက် ၉ မိုင် ကျော်အကွာအ​ဝေးရှိ စစ်ကောင်စီ၏လက်​အောက်ခံပျူစောထီးရွာဖြစ်သောသေမသောက်ရွာရှိ ပျူစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ငါးဦးထက် မနည်းသေဆုံးကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှတာဝန်ရှိသူကပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင်တိုက်ခိုက်ခဲ့ရာပျူစောထီးစခန်းအတွင်းပိုင်းရှိ နေရာအချို့ကိုပါ စီးနင်းနိုင်ခဲ့ပြီး Carbine M-2 ​သေနတ်(၃)လက်နှင့်ကျည်အချို့ကိုပါသိမ်းဆည်းနိုင်ခဲ့သည်။

“ပျူစခန်းကို စီးနင်းနိုင်ဖို့ တစ်ညလုံးကြိုတင်ပြင်ဆင်ခဲ့ရတယ်။သူတို့ဘက်က ဆလိုက်မီး တွေအချိန်ပြည့် ရမ်းနေတော့ ညလုံးပေါက် စောင့်ပြီး မနက် ၅ နာရီလောက်မှာ စခန်းနားချဥ်းကပ်နိုင်ပြီးပွဲစဖြစ်တာ”ဟု S.R.F တာဝန်ရှိသူက People’s Spring သို့​​ပြောသည်။

နာရီဝက် ခန့်ကြာမြင့်သည့် ပျူစောထီးစခန်း အား စီးနင်းတိုက်ခိုက်မှုကို ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့(S.R.F) တပ်ရင်း(၁)နှင့်တပ် ရင်း(၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျူစောထီးစခန်းသည် စစ်ကောင်စီ တပ်သားများပါရှိပြီး အင်အား ၄၀ ဝန်းကျင် ဖြင့်သေမသောက်ရွာအတွင်း တပ်စွဲထားခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မင်းကင်းမြို့နယ် သည် ပျူစောထီး များအားကောင်းရာ ဒေသ ဖြစ်ပြီး ၎င်းတို့အားမထောက်ခံသည့် ကျေးရွာ များကို မီးရှို့ခြင်း၊လူသတ်ခြင်း၊ ပစ္စည်းများခိုး ယူခြင်းတို့ကို စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိသည်။

You May Also Like

သတင်း

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

သတင်း

ဘန့်ဘွေးရွာသည် ယင်းမာပင်မြို့နယ်အတွင်း ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်နေကြသည်။

သတင်း

၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။

သတင်း

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ယမန်နေ့(အောက်တိုဘာ ၂၅ရက်) ညနေ ၄နာရီခန့်တွင် Mi 35 နှစ်စင်းဖြင့် အင်အားအများအပြားချပြီး စီးနင်းခဲ့ခြင်းဖြစ်သည်။