Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် ၍ ခုနစ်တန်းကျောင်းသူ ဒဏ်ရာရ

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

Update News
Update News

▪️ဘုတလင်နယ်မှ အမျိုးသမီးသုံးဦးကို တန်ဆာခံအနေဖြင့် စစ်ကာင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း မြောင်နှင့် ဘုတလင်မြို့နယ်တွင် ယနေ့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ခုနစ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရပြီး အမျိုးသမီးသုံးဦးကို တန်ဆာခံအနေဖြင့် ဖမ်းဆီးထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော် များက ပြောသည်။

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က ရမ်းပစ်တာဗျ။ ထရံကို ဖောက်ဝင်ပြီး နောက်ကျောက်ဘက် ဂုတ်မှာ ဒဏ်ရာရတာ။ ဆေးကုပေးထားတယ်”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMမှ တာဝန်ခံကိုနွေဦးက ပြောသည်။

စစ်ကောင်စီတပ်အင်အား ၄၀ကျော်သည် ကျောက်ရစ်ရဲစခန်းမှ ထွက်လာပြီးနောက် သနပ်ကုန်းကျေးရွာတွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကျောက်ရစ်ရွာတွင် အထိုင်ချပြီး ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“ညကလည်း ကျောက်ရစ်အရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံတွေခမျာ ၁၀နာရီ ၁၁နာရီကြီး ထပြေးကြရတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ် နှောပင်ရိုးကျေးရွာသို့လည်း ယနေ့ နံနက် စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက နှောပင်ရွာ ဒေသခံအမျိုးသမီးသုံးဦးကို တန်ဆာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုနှင့် ဓမ္မဘက် တော်သားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ ညှင်းပန်းနိပ်စက်နေ၍ နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့(နိုဝင်ဘာလ ၁ရက်)က ပြောကြားထားသည်။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။

သတင်း

တောင်ကုတ် - သံတွဲကြားရှိ ကာလမ်းတွင် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့် သေဆုံးနိုင်သည်ဟု ဒေသခံက ပြောကြားကြောင်း ရခိုင်ဒေသခံက ပြောသည်။

သတင်း

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)အဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။