Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး

ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများ​ထောင်ထားကြောင်း သတင်းရ​ရှိထားသော​ကြောင့်​​ လယ်ယာလုပ်ငန်း လုပ်ကိုင်​သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။

ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး
ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ် အတွက် မိုင်းသယ်လာပေးသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁ရက်) နံနက် ၅နာရီခွဲခန့်က ဒီပဲယင်းမြို့၊ ဝါစိုက်ပျိုးရေးရုံးနှင့် ကန်​တော်ရိုးအနီး၌​​ အမျိုးသားတစ်ဦး မိုင်းတစ်လုံးကို ပွေ့ချီလာပြီးနောက် ၎င်း​၏ လက်ပေါ်မှာပင် မိုင်းကွဲကာ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်၍ သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

သေဆုံးသူမှာ ဒီပဲယင်းရဲစခန်းမှ ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦးဟု ဒေသခံတို့က ဆိုသည်။

“သူတို့ထောင်ထားတဲ့မိုင်းနဲ့ သူတို့လူပြန်ထိတဲ့သဘောပါဗျ။ နေရာအပြောင်းလဲလုပ်မဲ့ပုံစံလို့ သတင်းပေးသူထံမှရရှိပါတယ်”ဟု ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများ​ထောင်ထားကြောင်း သတင်းရ​ရှိထားသော​ကြောင့်​​ လယ်ယာလုပ်ငန်း လုပ်ကိုင်​သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။

You May Also Like

သတင်း

တောင်ကုတ် - သံတွဲကြားရှိ ကာလမ်းတွင် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့် သေဆုံးနိုင်သည်ဟု ဒေသခံက ပြောကြားကြောင်း ရခိုင်ဒေသခံက ပြောသည်။

သတင်း

AA ထုတ်ပြန်ချက်အရ ​အောက်တိုဘာ ၂၆ ရက်မှ ၃၁ ရက်အတွင်းရခိုင်ပြည်နယ်တွင် ​တိုက်ပွဲများ​နေစဥ်နီးပါးဖြစ်ပွား​နေ​ကြောင်းသိရသည်။

သတင်း

တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီဒေသသို့ လေကြောင်းမှ (၁၇၃)ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

“မိုင်းကို ဖြုတ်ဖို့ လုပ်နေရင်းကွဲသွားလို့ အသေများသွားတာ။ သေတဲ့ထဲမှာဗိုလ်တယောက်လည်းပါတယ်”ဟုPDF-ကလေးနှင့်နီးစပ်သူတစ်ဦးက​ပြောသည်။