Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်

ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်
ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်

တပ်မြို့ ပြင်ဦးလွင်မှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့ အတွက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူကာ အလှူငွေကောက်ခံတာတွေလုပ်နေတယ်လို့သိရပါတယ်။

” တန်ဆောင်တိုင်ပွဲအတွက် အစည်းဝေးခေါ်တယ်ဗျ၊ မဖြစ်ဖြစ်အောင်တော့ တန်ဆောင်တိုင်ပွဲလုပ်မယ်၊ ပွဲတော်အတွက်ငွေလိုတယ်ဆိုပြီး အလှူငွေတော့ ကောက်တယ်”လို့ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနဲ့ နီးစပ်သူက ပြောပြပါတယ်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ရက်ကနေ နိုဝင်ဘာလ ၈ ရက်အထိကျင်းပဖို့ စစ်အုပ်စုက စီစဉ်ထားပါတယ်။

ပွဲတော်ကို ယခင်ကျင်းပနေကြ ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

စစ်အုပ်စုဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲပြုလုပ်ဖို့ လုံခြုံရေးစိတ်မချရတာကြောင့် ပြင်ဦးလွင်တန်ဆောင်တိုင်ကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ကြံရွယ်နေတာလို့ စစ်အုပ်စုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

သတင်း

မန္တလေးမြို့ရှိ မြေကွက်များကို အောက်တိုဘာ ၁ရက်က စတင်ရောင်းချရာ မြေကွက် အားလုံး၏ ၇၁ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။

သတင်း

မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Figher အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။